တော်လှန်ရေး သင်္ဘော

A d v e r t i s e m e n t With Us

April 20, 2020

အီရန်တော်လှန်ရေး သင်္ဘောနောက် အမေရိကန်စစ်သင်္ဘော ကပ်လိုက်နေသည့်ရုပ်သံ ထုတ်ပြန်

ပါရှားပင်လယ်ကွေ့ထဲမှာ အီရန် တော်လှန်ရေး အစောင့်တပ်ပိုင် သင်္ဘောတစီးကနေ ရိုက်ကူးထားတဲ့ အမေရိကန် စစ်သင်္ဘောတစီး ကပ်လိုက်နေတဲ့ ရုပ်သံကို အီရန် အစိုးရရုပ်သံက ဧပြီ ၁၉ ရက်မှာ ထုတ်လွှင့်လိုက်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့ ဧပြီ ၁၅ ရက်က ဒီလုပ်ရပ်ဟာ အန္တရာယ်ကြီးပြီး ကျူးကျော်တဲ့ လုပ်ရပ်လို့လည်း ပြောပါတယ်။ ပင်လယ်ကွေ့ထဲမှာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အီရန်က သတိပေးခဲ့တယ်လို့လည်း ရုပ်သံက ပြောပါတယ်။  အီရန်ရေတပ်ဟာ ကင်းလှည့်တာတွေ ပိုလုပ်နေပြီး လောင်စာ မှောင်ခိုမှု တိုက်ဖျက်ရေးနဲ့ အီရန်သင်္ဘောတွေ သွားလာမှုလုံခြုံရေးအတွက်လို့လည်း ပြောပါတယ်။ ပင်လယ်ကွေ့ထဲမှာ အမေရိကန် စစ်တပ်ရဲ့ ဘယ်လိုအမှားကိုမဆို အီရန်ဟာ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ တုံ့ပြန်သွားမယ်လို့လည်း အီရန်စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ အမေရိကန် စစ်တပ်ကတော့ သူတို့ရဲ့ ရေတပ်နဲ့ ကမ်းရိုးတန်းအစောင့်တပ်တို့က သင်္ဘော ၆ စီးဟာ စစ်တပ် ရဟတ်ယာဉ်တွေနဲ့အတူ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ စစ်ဆင်ရေး လေ့ကျင့်နေတုန်း အီရန် စစ်သင်္ဘော ၁၁ စီးက သူတို့နားကို ချဉ်းကပ်လာခဲ့တယ်လို့ ဧပြီ ၁၅ ရက်က ပြောခဲ့ပါတယ်။  အမေရိကန်က အီရန်ရဲ့ ထိပ်တန်းစစ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို အီရတ်နိုင်ငံထဲမှာ ဒရုန်းယာဉ်သုံး သတ်ဖြတ်ခဲ့လို့ အီရန်ကလည်း အီရတ်က အမေရိကန် စစ်တပ် စခန်းချရာ အိမ်းအယ်လ်အာဆတ် အခြေစိုက်စခန်းကို ဒုံးကျည်တွေနဲ့ ဇန်နဝါရီ ၈ ရက်က ပစ်ခတ် လက်စားချေထားပါတယ်။ ဒုံးကျည်ပစ်ခတ်မှုအတွင်း ထိခိုက်သေဆုံးသူ မရှိဘူးလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် စစ်သည် အယောက် ၁၀၀ ကျော်ဟာ ဦးနှောက်တွင်း ဒဏ်ရာကြောင့် ဝေဒနာတွေ ခံစားခဲ့ကြရပါတယ်။
11 months Ago
Up