တော်လှန်ရေးအငြိမ့်

August 15, 2021

ဟားငါး​ကောင် တော်လှန်ရေးအငြိမ့် ယနေ့ည ၈ နာရီ ထုတ်လွှင့်ပြသမည်

နာမည်ကြီးလူရွှင်တော် “ဟား ၅ ကောင်” အဖွဲ့ရဲ့ ဟဒယသပိတ် ​တော်လှန်​ရေးအငြိမ့်ကို ဒီကနေ့ည ၈ နာရီမှာ PVTV နဲ့ D-Day Channel တွေမှာ တပြိုင်တည်း တင်ဆက်ပြသွားမယ်လို့ သိရပါတယ်။

မျက်မှောက်ခေတ်အခြေအနေတွေကို ထင်ဟပ်စေတဲ့ ပြက်လုံးတွေနဲ့ ထင်ရှားတဲ့ သူတို့အဖွဲ့ဟာ လက်ရှိမှာတော့ စစ်အာဏာရှင် တော်လှန်ရေးအတွက် လက်နက်ကိုင် နယ်မြေတခုမှာ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

 “ဟား ၅ ကောင်” အဖွဲ့မှာတော့ တိုင်းကျော်၊ တိုးကျော်၊ ပိုးလေး၊ ဝိုင်းကျော်၊ ပြည်ကျော်တို့ ပါဝင်ပြီး သူတို့ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ပြည်သူတွေနဲ့ တသားတည်း ရပ်တည်နေကြသူတွေ ဖြစ်ပါတယ်။

4 months Ago
Up