တော်လှန်ရေးစာစဉ်

April 14, 2021

ကချင်ပြည်နယ်ကလူငယ်များ တော်လှန်ရေးစာစဉ် စတင်ဖြန့်ဝေ

ကချင်ပြည်နယ်ရှိ လူငယ်တွေ ဦးဆောင်ကာ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပါ၀င်ရေးသားထားတဲ့ KSCM စာစဉ်ကို ဧပြီ ၁၁ ရက်နေ့က စတင် ထုတ်ဝေ ဖြန့်ချိနေပါတယ်။

KSCM စာစဉ်ထွက်ရှိလာဖို့ မြစ်ကြီးနားမြို့အတွင်းရှိ  တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ၊ တက်ကြွလူငယ်တွေနဲ့ Gen-Z လူငယ်တွေ ဦး‌ဆောင်ပြီးကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ 

ဦးဆောင်သူလူငယ်တစ်ဦးက " ကချင်ပြည်နယ်‌အတွင်း အင်တာနက်လိုင်း ပြတ်တောက်နေတဲ့အချိန်မှာ ဒေသခံပြည်သူတွေအတွက် သတင်းစီးဆင်းမှု ရရှိစေဖို့နဲ့ စစ်အာဏာရှင်ကျဆုံးရေး နွေဦးတော်လှန်ရေး အရှိန်မသေဘဲ အဆုံးတိုင် တိုက်ပွဲ၀င်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ဝေဖြစ်တာပါ "လို့ပြောပါတယ်။

ကချင်ပြည်နယ် အတွင်းရှိ ခရိုင်တိုင်း၊ မြို့နယ်အဆင့်၊ ရပ်ကွက်ကျေးရွာများအထိ သတင်းစီးဆင်းမှုရရှိအောင် လူငယ်တွေက ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

8 months Ago
Up