တောမီးလောင်ကျွမ်း

September 29, 2020

ကယ်လီဖိုးနီးယား ဝိုင်ထုတ်လုပ်သည့်နေရာတွင် တောမီးလောင်ကျွမ်း

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် နက်ပါတောင်ကြား ဝိုင်ထုတ်လုပ်ရာ အရပ်မှာ  ဧက ၈၀၀ ကနေ ၁၁,၀၀၀ အထိ ညတွင်းချင်း တောမီး ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။  နေအိမ်တွေနဲ့ စပျစ်ခြံတွေကို တောမီးလောင်ခဲ့တာကြောင့် စက်တင်ဘာ ၂၈ မှာ အာဏာပိုင်တွေက ဒေသခံထောင်ချီကို ဘေးလွတ်ရာပြောင်းဖို့ ညွှန်ကြားခဲ့ရပါတယ်။  ဆန်ဖရစ္စကို မြောက်ပိုင်း မိုင် ၆၀ အကွာ ကယ်လစ်တိုဂါမြို့အနီးမှာ စက်တင်ဘာ ၂၇ ရက်က စလောင်ခဲ့တဲ့ တောမီးကြောင့် ဆန်တာရိုဆာအရပ်က နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။  ကယ်လီဖိုးနီးယားပြည်နယ်တခုတည်းမှာတင် အခုထိ ဧက ၃ ဒသမ ၇ သန်းကျော်  လောင်ခဲ့ပြီး ပြည်နယ်သမိုင်းမှာ တနှစ်တာ တောမီးလောင်ကျွမ်းတဲ့ပမာဏထက် အများကြီး ကျော်လွန်နေပါတယ်။ သြဂုတ် ၁၅ ရက်ကစပြီး ကယ်လီဖိုးနီးယားမှာ လောင်နေတဲ့ တောမီးတွေကြောင့် လူ ၂၆ ယောက် သေဆုံးပြီး အဆောက်အအုံပေါင်း ၇,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ တောမီးအပြင်းအထန်လောင်ရတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုနေပါတယ်။
7 months Ago
Up