တောမီး

October 14, 2022

ပီရူး တောင်ပေါ်ဒေသတွင် တောမီးအကြီးအကျယ်လောင်

ပီရူးနိုင်ငံ ကုန်းမြင့်ပိုင်းက ကက်စ်ကိုဒေသမှာ အောက်တိုဘာ ၁၃ ရက်က တောမီး လောင်နေတာကို ငြှိမ်းသတ်ဖို့ မီးသတ်သမားတွေ အစွမ်းကုန် ကြိုးစားနေရပါတယ်။

ကက်စ်ကိုဒေသအရေးပေါ်ဌာနက ထုတ်ပြန်ထားတဲ့ သတင်းရုပ်သံထဲမှာ တောင်ပေါ်ဒေသမှာ တောမီး အကြီးအကျယ် လောင်ကျွမ်းနေတာကို တွေ့ရပါတယ်။

ဒီနှစ်အတွင်း ကက်စ်ကိုဒေသမှာ တောမီးလောင်ကျွမ်းတဲ့ အကြိမ်ပေါင်း ၃၃၂ ကြိမ် ရှိနေပြီလို့ ဒေသ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ဒါရိုက်တာ ရောဘတ်တို အဗ်ဘာကာက ပြောပါတယ်။ လူသေဆုံး ဒဏ်ရာရတဲ့စာရင်းတော့ တရားဝင် ထုတ်ပြန်ထားတာ မရှိပါဘူး။

2 months Ago

August 31, 2022

စပိန်နိုင်ငံတွင် တောမီးလောင်

စပိန်နိုင်ငံအလယ်ပိုင်း၊ အယ်လ်ဘာဆေတေဒေသမှာ သြဂုတ် ၃၀ ရက်က မီးသတ်တပ်ဖွဲ့တွေဟာ ရဟတ်ယာဉ်တွေသုံးပြီး တောမီးတွေကို ငြှိမ်းသတ်ခဲ့ကြပါတယ်။

မီးလောင်ကျွမ်းမှုကို အမြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူ ဟိုဆေး လူးဝစ်  အက်စ်ကူဒေရိုက ပြောပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် အိုင်ဘေးရီးယားကျွန်းဆွယ်ရဲ့ အစိတ်အပိုင်းတွေဟာ နှစ်ပေါင်း ၁,၂၀၀ အတွင်း အခြောက်သွေ့ဆုံးအဖြစ် ကျန်ရစ်ခဲ့တယ်လို့ သဘာဝဘူမိသိပ္ပံဂျာနယ်မှာ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတခုက ဖော်ပြထားပါတယ်။

စပိန်နိုင်ငံမှာ အခုနွေရာသီ ပုံမှန်မဟုတ်တဲ့ ရှည်လျားတဲ့ အပူလှိုင်းသုံးကြိမ် ခံစားခဲ့ရပြီး ကျယ်ကျယ်ပြန့်ပြန့် တောမီးလောင်ခဲ့ပါတယ်။

3 months Ago
More News
Up