တောင်းဆိုမှု

November 15, 2020

ပုသိမ်တွင် ထောက်ပံ့ကြေး အညီအမျှမရသဖြင့် လူစုလူဝေးဖြင့် တောင်းဆိုမှုဖြစ် (ဓာတ်ပုံ)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က နိုင်ငံတော်က ထောက်ပံ့ငွေ ၄ သောင်း အပြည့်မရရှိတာကြောင့် လူစုလူဝေးနဲ့ တောင်းဆိုတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အရှေ့ကိုးသိန်းရပ်မှာ အိမ်ထောင်စု ၁၅၈ စုအတွက် ရပ်ကွက်ရုံးက ၁ အိမ်ထောင် ၃ သောင်းနှုန်းနဲ့ ထုတ်ပေးခဲ့ပြီး ရာအိမ်မှူးက အိမ်ထောင်စု ၂၇၄ စုကို ၁ အိမ်ထောင် ၁ သောင်း ၇ ထောင်နှုန်းနဲ့ ပေးခဲ့မှုအပေါ် ခုလို လူစုလူဝေးနဲ့ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။ Photo - Min Htet Mone / MPA
2 years Ago
Up