တောင်းဆိုဆန္ဒပြ

July 18, 2021

မာလီတွင် ပြန်ပေးဆွဲခံရသည့်ပြင်သစ်ဂျာနယ်လစ်ကို လွှတ်ပေးရန် ပါရီမြို့၌ ဆန္ဒပြ

မာလီနိုင်ငံမှာ ပြန်ပေးဆွဲခံထားရတဲ့ ပြင်သစ်ဂျာနယ်လစ် အိုလီဗီယာဒူဘွိုက်စ်ကို ချက်ချင်း လွှတ်ပေးဖို့ ဇူလိုင် ၁၆ ရက်က သူ့ရဲ့ဆွေမျိုးသားချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ကသတင်းထောက်တွေဟာ ပါရီမြို့တော်မှာ စုရုံး တောင်းဆိုခဲ့ကြပါတယ်။ 

ပြင်သစ်အလွတ်သတင်းထောက် အိုလီဗီယာ ဒူဘွိုက်စ်ဟာ Liberation ၊ Le Point နဲ့ Jeune Afrique တို့လို ပြင်သစ် နာမည်ကြီး သတင်းဌာနတွေကို မာလီနိုင်ငံကနေ သတင်းပေးပို့ခဲ့တာပါ။ 

သူဟာ ဧပြီ ၈ ရက်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး မာလီမြောက်ပိုင်းမှာ ဓားစာခံအဖြစ် ထိန်းသိမ်းခံ ထားရတာ ရက်ပေါင်း ၁၀၀ ကြာသွားပါပြီ။

 အိုလီဗီယာ ဒူဘွိုက်စ်ရဲ့ နာမည်ကို လူတွေအမြဲသိနေအောင် လုပ်နေဖို့က အရေးကြီးတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ ဥက္ကဋ္ဌ ပီအာရီဟာစ်ကီက ပြောပါတယ်။ 

အိုလီဗီယာ ဒူဘွိုက်စ်အတွက် လူတွေစည်းရုံးနေကြတယ်ဆိုတာ သူ့ကိုပြန်ပေးဆွဲသူတွေ၊ ပြင်သစ်နဲ့ မာလီနိုင်ငံက အာဏာပိုင်တွေ သိဖို့လိုအပ်ကြောင်းနဲ့ တိတ်ဆိတ်ခြင်းက ဓားစာခံ တစ်ယောက်အတွက် အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ 

၄ နှစ်လောက် ပြန်ပေးဆွဲခံခဲ့တဲ့ ပြင်သစ်အကူအညီပေးရေးလုပ်သား ဆိုဖီပက်ထရိုနီ ၂၀၂၀ အောက်တိုဘာလမှာ ပြန်လွတ်လာပြီးနောက်ပိုင်းမှာ ဒူဘွိုက်စ်ဟာ မာလီက ဂျီဟတ်စစ်သွေးကြွတွေရဲ့ ပထမဆုံးဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ပြင်သစ်နိုင်ငံသားဖြစ်ပါတယ်။

“တကယ်လို့သာ ဒူဘွိုက်စ်တစ်ယောက် သူ့အကြောင်းကို ကျမတို့တွေ ပြောဆိုနေကြတယ်။ သူ့ကို မေ့မထားဘူး။ သူ့အတွက် လူတွေစုရုံးနေကြတယ်။ သူ မကြာခင် ကျမတို့ဆီ အမြန်ဆုံးပြန်ရောက်လာဖို့ မျှော်လင့်နေကြတယ်ဆိုတာကို ဘယ်နည်းနဲမဆို မြင်နိုင်၊ ကြားနိုင်၊ သိနိုင်ပါစေ”လို့ သူနဲ့အတူပုံမှန်အလုပ်လုပ်တဲ့ပြင်သစ်သတင်းစာ Liberation မှနိုင်ငံခြားအယ်ဒီတာ ဆိုနီရာကပြောပါတယ်။ 

6 months Ago

October 11, 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဓမ္မကျင့်ခံရမှုများအတွက် တရားမျှတမှုရရေး တောင်းဆိုဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဓမ္မပြုကျင့်မှုတွေနဲ့ ကာမ နှောင့်ယှက်မှုတွေ ဆက်တိုက် ဖြစ်လာနေတာကြောင့် ရာချီတဲ့ ပြည်သူတွေက တရားမျှတမှုရရေးအတွက်  မြို့တော် ဒါကာမှာ အောက်တိုဘာ ၁၀ ရက်က  ဆန္ဒပြသူ တောင်းဆိုခဲ့ကြပါတယ်။ ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဆော်သြခဲ့ကြသလို “ဘေးကင်းချင်တယ် အဓမ္မကျင့် မခံချင်ဘူး၊ မုဒိမ်းသမားကို သနားကြောင်း မပြနဲ့” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။  နိုင်ငံအရှေ့တောင်ပိုင်း နိုအာခါလီမြို့မှာ ယောက်ျားတအုပ်စုက အမျိုးသမီးတယောက်ကို နာရီဝက်လောက် တိုက်ခိုက်ခဲ့ပုံ ရုပ်သံတခု ထွက်ပေါ်လာပြီးနောက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။  အလားတူဖြစ်ရပ်တွေနဲ့ အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လတ်တလောနှစ်တွေမှာ ပေါ်ပေါက်ခဲ့ပါတယ်။  ဇန်နဝါရီကနေ စက်တင်ဘာကြား တိုက်ခိုက်မှု ၁၀၀၀ နီးပါးရှိခဲ့ပြီး တိုက်ခိုက်မှု ငါးပုံတပုံလောက်ကို တိုင်ကြားထားတယ်လို့ လူ့အခွင့်အရေးအုပ်စု အိန်းအို ဆာလစ်ရှ် ကန်ဒရာက ပြောပါတယ်။ ကဲ့ရဲ့အပြစ်ပြောခံရမှာ ကြောက်တဲ့ အမျိုးသမီးတွေက အဓမ္မပြုကျင့်မှု အတော်များများကို မတိုင်ကြားခဲ့ဘူးလို့ ဆိုပါတယ်။  အသိတရား ကင်းမဲ့တာ၊ အပြစ်ပေးမခံရဘဲ လွတ်နေတဲ့ ဓလေ့ နဲ့ နိုင်ငံရေးအကြောင်း ပြချက်တွေအရ လူတယောက်ချင်းရဲ့ သြဇာတွေက သံသယရှိသူတွေကို ကာကွယ် ပေးနေလို့ အဓမ္မပြုကျင့်မှု အရေအတွက် တိုးလာနေတာလို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အဓမ္မပြုကျင့်မှု ကျူးလွန်သူကို သေဒဏ်ပေးရေး စဉ်းစားဖို့ ဒီအပတ်ဆန္ဒပြပွဲတွေက အစိုးရကို တွန်းအားပေးနေပါတယ်။  အရေးပေါ်ဥပဒေပြင်ဆင်ရေး အဆိုပြုချက်ကို အစိုးရအဖွဲ့က အောက်တိုဘာ ၁၂ ရက်မှာ လက်ခံဖို့ ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ 
1 year Ago
Up