ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားတဲ့ တောင်အာဖရိကနိုင်ငံ စန်ကျူရီယန်မြို့မှာ ဧပြီ ၂၉ ရက်က ထောင်နဲ့ချီတဲ့လူတွေက နှစ်မိုင်ခွဲနီးပါးတန်းစီပြီး ဝှေငှတဲ့ စားနပ်ရိက္ခာတွေကို လက်ခံယူခဲ့ကြ ပါတယ်။
ပုဂ္ဂလိက လုပ်ငန်းအမျိုးမျိုးက ရိက္ခာထုပ် ၈၀၀၀ လှူဒါန်းခဲ့ပြီး အဲဒီရိက္ခာတွေကို မူအီပလာစ် အခြေချကျေးရွာမှာ ဖြန့်ဝေခဲ့တာပါ။
သီတင်း ၅ ပတ်ကြာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ကန့်သတ်ချက်တွေအရ လူအများစု ဟာ အရေးကြီး ကိစ္စကလွဲရင် နေအိမ်တွေမှာပဲ နေရပြီး လုပ်ငန်းတွေနဲ့ လူ အတော်များများ ကတော့ ဝင်ငွေ မရှိဘဲ ရုန်းကန်နေရပါတယ်။
ဧပြီ ၂၉ ရက်က တောင်အာဖရိကမှာ ကိုရိုနာဗိုင်းရစ် ထပ်မံကူးစက်သူ ၃၅၄ ယောက်ရှိပြီး တစ်နေ့တာအတွင်း ကူးစက်သူ အများဆုံး မြင့်တက်ခဲ့ပါတယ်။
ဒါကြောင့် တောင်အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်း ၅၃၅၀ ဦး ရှိလာ တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
10 months Ago