တောင်သူ လှည်းအစီး ၁၀၀ ကျော်ဖြင့် ဆန္ဒ​ပြ

March 2, 2021

ကျောက်ကြီးမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်သူ လှည်းအစီး ၁၀၀ ကျော်ဖြင့် ဆန္ဒ​ပြ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့မှာ မတ်လ ၂ ရက်နေ့က ဒေသခံတောင်သူ ၁၀၀၀ ကျော်လောက်က လှည်းအစီးရေ ၁၀၀ ကျော်နဲ့ ဆန္ဒပြနေကြပါတယ်။

ကျောက်ကြီးမြို့၊ ကျွဲတလင်းကျေးရွာအုပ်စု၊ ဝက်လာတော​ကျေးရွာအုပ်စု၊ မမယမ်း​ကျေးရွာ အုပ်စု၊ ပတ္တာလား​ကျေးရွာအုပ်စုက ကရင်တိုင်းရင်းသား တောင်သူ  ၁၀၀၀ ကျော်က လှည်းအစီးရေ တစ်ရာကျော်နဲ့ ဆန္ဒပြကြတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို အလိုမရှိတာကြောင့် ကျေးရွာအုပ်စုလေးအုပ်စုက ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံ​ခြုံရေးကို KUN ကသာဆောင်ရွက်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်သူဖြစ်တဲ့ စောခြားဖိုးက ပြောပါတယ်။

ဒီဒေသမှာ စစ်အာဏာရှင်ဆန္ဒပြရာမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အများစုဟာ တောင်သူတွေ ဖြစ်ပါတယ်။

"ကျနော်တို့ရဲ့ ဒေသအတွက် KNU ကို တောင်းဆိုထားတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်​ရေးကို အလိုမရှိလို့ KNU ကိုတောင်းဆိုရတာ ​ဖြစ်တယ်၊ တော်လှန်ရေး မအောင်မမြင်ချင်း ဆက်လက်လုပ်ဆောင်သွားမယ် "

ဆန္ဒပြရာမှာ စစ်အာဏာရှင်အလိုမရှိ၊ တိုင်းရင်းသားဒေသအတွင်း နယ်ချဲ့ဝါဒီများ အလိုမရှိ၊ ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ထူထောင်ရေး ဒို့အရေး၊ စစ်ကောင်စီမှချမှတ်ထားသော အုပ်ချုပ်ရေး အလိုမရှိ၊ မတရားဖမ်းဆီးခံရသူများ လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေး ကြွေကြော်ကာ ကျေးရွာအုပ်စုတွေမှာ လှည့်လည်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

9 months Ago
Up