တောင်သူများ

A d v e r t i s e m e n t With Us

October 15, 2020

တောင်သူများအပေါ် ပြစ်ဒဏ်ထပ်တိုးရန် တပ်မတော်က လျှောက်ထားသည့်အမှု ပလပ်ခံရ

မြေယာအငြင်းပွားမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရပြီးဖြစ်တဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က ကရင်နီတောင်သူတွေပေါ် နောက်ထပ် ပြစ်ဒဏ်ထပ်တိုးချမှတ်ပေးဖို့ တပ်မတော်က ပြင်ဆင်ချက် လျှောက်ထားမှုနဲ့ပတ်သက်ပြီး ကယားပြည်နယ်တရားလွှတ်တော်က ဒီကနေ့ ပလပ်လိုက်ပါတယ်။ တပ်မတော် အမြောက်တပ်ရင်း အမတ အမှတ် (၃၆၀) ကနေ တရားစွဲဆိုထားတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူ ၁၇ ဦးအမှုတို့ကို ဒီးမော့ဆိုမြို့နယ် တရားရုံးကနေ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်လိုက်တာမှာ ချုပ်ရက်နဲ့ ပြန်လွတ်လာခဲ့ပြီး  စစ်တပ်ဘက်က မကျေနပ်လို့ တရားရုံးမှာ ပြန်လည် ပြင်ဆင်ချက်တက်တာ ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်နဲ့ပတ်သက်လို့ ခရိုင်တရားရုံးကိုတက်ရာမှာခရိုင်က ပလပ်လိုက်သလို ပြည်နယ်တရားလွှတ်တော်မှာ ထပ်မံလျှောက်ထားခဲ့ရာမှာလည်း ဒီကနေ့ နောက်ဆုံးအမိန့်ချရာမှာ လည်း ပလပ်လိုက်တာလို့ တောင်သူတွေရဲ့ရှေ့နေ ဦးစောခူးတလေက ပြောပါတယ်။   “အမှုက ၆ မှုရှိမယ်။ ၄၄၇ နဲ့က ၄ မှု၊ နောက် ၆၁ နဲ့က ၂ မှု၊ အဓိကကတော့ ဒီ မူလတရားရုံးက ချမှတ်တဲ့အမိန့်က တရားစီရင်ရေးကို တော်တော်ယိမ်းယိုင်စေတဲ့ အခြေအနေအထိမရှိဘူးပေါ့။ အဲဒါကြောင့်မို့ ဝင်ရောက်ပြီးမှ စွက်ဖက်ဖို့ မသင့်ဘူးဆိုပြီးတော့ အဲလို သုံးသပ်ပြီးတော့မှ စီရင်ချက်ချလိုက်တာ။” ဒီအမှုနဲ့ပတ်သက်ပြီး ပြည်နယ်တရားလွှတ်တော်ကနေပြီး အခုလို အမိန့်ချမှတ်လိုက်တာဟာ မှန်ကန်သင့်မြတ် ကြောင်းလည်း ဦးစောခူးတလေက ပြောပါတယ်။ “ဒီအမှုအပေါ်မှာကတော့ ပြည်နယ်တရားလွှတ်တော်ကနေပြီးမှ မှန်မှန်ကန်ကန် တောင်သူကို ရပ်တည်ပေးတယ်လို့ ပြောလို့ရတာပေါ့။ ဘာလို့လဲဆိုတော့ တဖက်က တရားလိုရဲ့ မကျေနပ်လို့ တက်တဲ့အပေါ်မှာက အဓိက သူတို့စွပ်စွဲတဲ့အချက်တွေက မသင့်လျှော်ဘူးဆိုတဲ့အကြောင်းပေါ့။ ဒီပြည်နယ်တရားလွှတ်တော်က ဥပဒေအတိုင်း မားမားမတ်မတ်ရပ်တည်ပေးတယ်ဆိုတဲ့ အခြေအနေမျိုးတော့ ရှိတာပေါ့။ ” မြေယာအငြင်းပွားမှုနဲ့ပတ်သက်ပြီး လွိုင်ကော်အခြေစိုက် အမြောက်တပ် ၃၅၆ တပ်ရင်းနဲ့ ခလရ ၂၅၀ တပ်ရင်းတို့ကလည်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ၃ ဦးအပါအဝင် တောင်သူ ၁၈ ပေါ် နောက်ထပ် ပြစ်ဒဏ်ထပ်တိုးချမှတ်ပေးဖို့  တပ်မတော်က လျှောက်ထားတဲ့အမှုနဲ့ ပတ်သက်လို့ ကယားပြည်နယ်တရားရုံးက ဩဂုတ် ၁၄ ရက်က ပလပ်ခဲ့ပါတယ်။ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူပေါင်း ၄၁ ဦး ရှိပါတယ်။ Photo- Karenni State Farmer Union
5 months Ago

July 20, 2020

တပ်သိမ်းမြေကိစ္စ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးရန် ဆီဆိုင်မြို့ တောင်သူများ တောင်းဆို

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်က တပ်သိမ်းမြေနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲတွေ ကွင်းဆင်းဆောင်ရွက်ပေးဖို့ တောင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။ ဒီကနေ့ တောင်ကြီးမြို့ ထိန်သာဟိုတယ်မှာ တောင်သူတွေက သတင်းစာရှင်းပွဲပြုလုပ် တောင်းဆိုခဲ့တာဖြစ်ပြီး တပ်သိမ်းမြေကြောင့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲကြုံတွေ့နေရသလို သီးနှံဖျက်ဆီးခံရတာ၊ တရားစွဲဆိုတာတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ တပ်သိမ်းမြေထဲမှာ ဝင်ရောက်လုပ်ကိုင်တယ်ဆိုပြီး တောင်သူ အယောက် ၇၀ ကျော်ဟာ တရားစွဲခံနေရပါတယ်။  တောင်သူ ခွန်သိန်းမောင်က “တရားမဝင် သိမ်းဆည်းမြေတွေကို ခြွင်းချက်မရှိ ပြန်လည်စွန့်လွှတ်ပေးဖို့၊ တောင်သူလယ်သမား တိုင်းရင်းသားပြည်သူလူထုတွေ လက်တွေ့ကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်းမြေယာစနစ်ကို အသိမှတ်ပြုပေးဖို့နဲ့ ပိုင်ဆိုင်ခွင့် စီမံခွင့်ကိုလေးစားလိုက်နာပေးဖို့၊ အစိုးရက လက်ရှိမြေယာပြဿနာအပေါ် တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်တဲ့ဥပဒေနဲ့ တောင်သူတွေပိုင်ဆိုင်ခွင့် ဓလေ့ထုံးတမ်း အခြေခံပြီး ကူညီဖြေရှင်းပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။ တပ်သိမ်းမြေကြောင့် နစ်နာသွားတဲ့တောင်သူတွေကို ဒေသဦးစီးအဖွဲ့က မြေယာအစားထိုး ပြန်ပေးမယ်ဆိုတာကို တောင်သူတွေက လက်မခံဘဲ မိမိမြေယာကိုပဲ ပြန်ရချင်ကြတယ်လို့ မြေသိမ်းခံတောင်သူ ဒေါ်ချိုချိုဝင်းက ပြောပါတယ်။ ကိုဗစ်ကာလမှာ အကြပ်အတည်းဖြစ်နေပေမယ့် စိုက်ပျိုးခွင့်မရတာ၊ စိုက်ထားတဲ့အပင်တွေဖျက်ဆီးခံရတာတွေကြောင့် တောင်သူတွေအခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။ ဆီဆိုင်မြို့နယ် တောင်ကြီး-လွိုင်ကော်လမ်း အနောက်ဘက် မြေဧက ၁၉၀၀ နဲ့ လမ်းအရှေ့ဘက် ဧက ၃၀၀ ဟာ စစ်တပ်မရောက်ခင်ကတည်းက တောင်သူတွေ လုပ်ကိုင်စားသောက်မှီခိုနေကြတာဖြစ်ပြီး တပ်ပိုင်မဟုတ်ဘဲ တပ်ကသိမ်းသွားတာလို့ တောင်သူတွေကဆိုပါတယ်။ အဲဒီမြတွေကို ခမရ ၄၂၃၊ ၄၂၄ က ၁၉၉၂ ခုနှစ်မှာ ယာယီသိမ်းဆည်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့တယ်လို့ တောင်သူတွေက ဆိုပါတယ်။ ခွန်ရာဇာ
8 months Ago
More News
Up