တောင်သုံးလုံး

August 1, 2019

တောင်သုံးလုံး စက်ဘီးစီးပြိုင်ပွဲ မန္တလေးတွင် ကျင်းပမည် 

တောင်သုံးလုံး ဖိတ်ခေါ်တောင်တက် စက်ဘီးစီးပြိုင်ပွဲနဲ့ တောင်အဆင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲကို မန္တလေးမြို့မှာ ကျင်းပမယ်လို့ Mandalay Free Rider(MFR)ကနေ သိရပါတယ်။ နှစ်စဉ် စက်ဘီးပြိုင်ပွဲတွေ ကျင်းပနေတာဖြစ်ပေမယ့် တောင်သုံးလုံးအထိ စီးနင်းမယ့် ပြိုင်ပွဲကိုတော့ ၂၀၁၈ ခုနှစ်ကမှ စတင်ကျင်းပတာပါ။ တောင်တက်စက်ဘီးသမားတွေ ပိုမိုပေါ်ထွန်းလာရေးနဲ့ ပြင်ပက စက်ဘီး ဝါသနာရှင်တွေ လည်း စိတ်ဝင်စားမှု မြင့်တက်လာစေဖို့ ရည်ရွယ် ကျင်းပတာဖြစ်တယ်လို့ တောင်သုံးလုံး စက်ဘီးစီးပြိုင်ပွဲ စီစဉ်သူ ကိုအောင်ပိုင်စိုးက ပြောပါတယ်။ "တောင်တက် စက်ဘီးအားကစားသမားတွေ ပိုမိုပေါ်ထွန်းလာရေးပေါ့နော်၊ တခြားလူတွေလည်း စိတ်ဝင်စားစီးနင်းလာအောင် ဒီပြိုင်ပွဲတွေ ကျင်းပရခြင်းဖြစ်ပါတယ်။ အဲ့လိုတွေ ပေါ်ထွန်းလာဖို့အတွက်ကလည်း ပြိုင်ပွဲတွေက အဓိကပေါ့နော်၊ ပြိုင်ပွဲတွေရှိမှပဲ အားကစားသမားတွေ အတွက် Training ဆင်းမယ်၊ ကြိုးစားပန်းစားပြိုင်ကြမယ်၊ အဲ့လို ပျော်ပျော်ပါးပါး ဖြစ်အောင်လို့ ပြိုင်ပွဲတွေစီစဉ်ရခြင်းဖြစ်ပါတယ်''လို့ပြောပါတယ်။ အခုနှစ်ကျင်းပမယ့် တောင်သုံးလုံးဖိတ်ခေါ် တောင်တက်စက်ဘီးစီးပြိုင်ပွဲနဲ့ တောင်အဆင်း လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲမှာ အမြင့်ဆုံးဆုကြေးအဖြစ် ငွေကျပ် ၇သိန်းအထိ ချီးမြှင့်မယ်လို့ သိရပါတယ်။ ပြိုင်ပွဲ အမျိုးအစားတွေကတော့ တောင်ဆင်းလမ်းကြမ်းနဲ့ တောင်တက် လမ်းကြမ်းပြိုင်ပွဲ၊ ကွင်းပတ်လမ်းပြိုင်ပွဲကစားနည်းတွေ အပါအဝင် ပြိုင်ပွဲအမျိုးအစား ၁၀ မျိုးဖြစ်တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲအတွက် စာရင်းပေးသွင်းထားသူ ၇၀၀ ကျော်ရှိပြီဖြစ်ပြီး နယ်ဝေးက လာရောက် ယှဉ်ပြိုင်မယ့်သူ ၂၀၀ ဝန်းကျင်ရှိပါတယ်။ ဒီပြိုင်ပွဲကိုတော့ သြဂုတ်လ ၃ရက်နေ့မှာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲ လျှောက်လွှာကိုတော့ မန္တလေးမြို့က နဂါးမင်း၊ biker၊ ဖိုးစွံ bike shop တွေမှာ ၃၁ရက်နေ့ထိ စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး နောက်ကျပြိုင်ပွဲဝင်တွေအနေနဲ့ သြဂုတ် ၂ရက်နေ့အထိ ပြိုင်ပွဲ ကျင်းပမယ့်နေရာမှာ လက်ခံပေးမယ်လို့ သိရပါတယ်။ သတင်း- ထိန်ထိန်လင်း
Zawgyi Version ျဖင့္ဖတ္ရန္ ေတာင္သုံးလုံး စက္ဘီးစီးၿပိဳင္ပြဲ မႏၲေလးတြင္ က်င္းပမည္ DVB ေတာင္သုံးလုံး ဖိတ္ေခၚေတာင္တက္ စက္ဘီးစီးၿပိဳင္ပြဲနဲ႔ ေတာင္အဆင္းလမ္းၾကမ္း စက္ဘီးစီးၿပိဳင္ပြဲကို မႏၲေလးၿမိဳ႕မွာ က်င္းပမယ္လို႔ Mandalay Free Rider(MFR)ကေန သိရပါတယ္။ ႏွစ္စဥ္ စက္ဘီးၿပိဳင္ပြဲေတြ က်င္းပေနတာျဖစ္ေပမယ့္ ေတာင္သုံးလုံးအထိ စီးနင္းမယ့္ ၿပိဳင္ပြဲကိုေတာ့ ၂၀၁၈ ခုႏွစ္ကမွ စတင္က်င္းပတာပါ။ ေတာင္တက္စက္ဘီးသမားေတြ ပိုမိုေပၚထြန္းလာေရးနဲ႔ ျပင္ပက စက္ဘီး ဝါသနာရွင္ေတြ လည္း စိတ္ဝင္စားမႈ ျမင့္တက္လာေစဖို႔ ရည္႐ြယ္ က်င္းပတာျဖစ္တယ္လို႔ ေတာင္သုံးလုံး စက္ဘီးစီးၿပိဳင္ပြဲ စီစဥ္သူ ကိုေအာင္ပိုင္စိုးက ေျပာပါတယ္။ "ေတာင္တက္ စက္ဘီးအားကစားသမားေတြ ပိုမိုေပၚထြန္းလာေရးေပါ့ေနာ္၊ တျခားလူေတြလည္း စိတ္ဝင္စားစီးနင္းလာေအာင္ ဒီၿပိဳင္ပြဲေတြ က်င္းပရျခင္းျဖစ္ပါတယ္။ အဲ့လိုေတြ ေပၚထြန္းလာဖို႔အတြက္ကလည္း ၿပိဳင္ပြဲေတြက အဓိကေပါ့ေနာ္၊ ၿပိဳင္ပြဲေတြရွိမွပဲ အားကစားသမားေတြ အတြက္ Training ဆင္းမယ္၊ ႀကိဳးစားပန္းစားၿပိဳင္ၾကမယ္၊ အဲ့လို ေပ်ာ္ေပ်ာ္ပါးပါး ျဖစ္ေအာင္လို႔ ၿပိဳင္ပြဲေတြစီစဥ္ရျခင္းျဖစ္ပါတယ္''လို႔ေျပာပါတယ္။ အခုႏွစ္က်င္းပမယ့္ ေတာင္သုံးလုံးဖိတ္ေခၚ ေတာင္တက္စက္ဘီးစီးၿပိဳင္ပြဲနဲ႔ ေတာင္အဆင္း လမ္းၾကမ္း စက္ဘီးစီးၿပိဳင္ပြဲမွာ အျမင့္ဆုံးဆုေၾကးအျဖစ္ ေငြက်ပ္ ၇သိန္းအထိ ခ်ီးျမႇင့္မယ္လို႔ သိရပါတယ္။ ၿပိဳင္ပြဲ အမ်ိဳးအစားေတြကေတာ့ ေတာင္ဆင္းလမ္းၾကမ္းနဲ႔ ေတာင္တက္ လမ္းၾကမ္းၿပိဳင္ပြဲ၊ ကြင္းပတ္လမ္းၿပိဳင္ပြဲကစားနည္းေတြ အပါအဝင္ ၿပိဳင္ပြဲအမ်ိဳးအစား ၁၀ မ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။ ဒီၿပိဳင္ပြဲအတြက္ စာရင္းေပးသြင္းထားသူ ၇၀၀ ေက်ာ္ရွိၿပီျဖစ္ၿပီး နယ္ေဝးက လာေရာက္ ယွဥ္ၿပိဳင္မယ့္သူ ၂၀၀ ဝန္းက်င္ရွိပါတယ္။ ဒီၿပိဳင္ပြဲကိုေတာ့ ၾသဂုတ္လ ၃ရက္ေန႔မွာ က်င္းပသြားမယ္လို႔ ဆိုပါတယ္။ ၿပိဳင္ပြဲ ေလွ်ာက္လႊာကိုေတာ့ မႏၲေလးၿမိဳ႕က နဂါးမင္း၊ biker၊ ဖိုးစြံ bike shop ေတြမွာ ၃၁ရက္ေန႔ထိ စာရင္းေပးသြင္းႏိုင္မွာျဖစ္ၿပီး ေနာက္က်ၿပိဳင္ပြဲဝင္ေတြအေနနဲ႔ ၾသဂုတ္ ၂ရက္ေန႔အထိ ၿပိဳင္ပြဲ က်င္းပမယ့္ေနရာမွာ လက္ခံေပးမယ္လို႔ သိရပါတယ္။ သတင္း- ထိန္ထိန္လင္း
2 years Ago
Up