တောင်သားလူမျိုး

A d v e r t i s e m e n t With Us

December 28, 2019

တောင်သားလူမျိုးများ တွေ့ဆုံပွဲကျင်းပ၊ လူမျိုးစုကုတ်နံပါတ် ရရှိရေး တောင်းဆို

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မိအယ်ကျေးရွာမှာ တောင်သားလူမျိုးတွေရဲ့ တတိယအကြိမ်တွေ့ဆုံပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ ၂ ရက်တာ ကျင်းပခဲ့ပြီး လူမျိုးစုကုတ်နံပါတ်ရေး တောင်းဆိုကြပါတယ်။ ဒီတွေ့ဆုံပွဲကို ဂန့်ဂေါခရိုင်အတွင်းက ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်တို့အပြင် စေတုတ္တရာမြို့နယ်က တောင်သားလူမျိုးတွေ တွေ့ဆုံကာ တောင်သားလူမျိုးစု ကုတ်နံပါတ်ရရှိရေးကို ဦးတည်ကာ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။ တောင်သားလူမျိုးတွေက ပျူလူမျိုးအဆက်တွေ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ လက်ရှိမှာ လူဦးရေ စုစုပေါင်း ၃ သောင်းကျော်၊ ကျေးရွာပေါင်းအနေနဲ့ ဂန့်ဂေါမြို့နယ်မှာ ၅ ရွာ၊ ထီးလင်း ၂၃ ရွာ၊ ဆောမြို့နယ်မှာ ၂၇ ရွာနဲ့ စေတုတ္တရာမြို့နယ်မှာ ၃ ရွာ၊ စုစုပေါင်း ၅၈ ရွာ ကျန်ရှိနေပါသေးတယ်။  စာပေကိုလည်း ဒုတိယမူကြမ်းအဆင့်ထိ ပြုစုနေပြီး စာလုံးရေ ၄၅၀၀ ကျော် စုစည်းထားနိုင်ပြီလို့ ဆိုပါတယ်။ တောင်သားလူမျိုးတွေ မပျောက်ပျက်ဖို့ စာပေဖော်ထုတ်ပြီးသွားရင် စာပေသင်ကြားနိုင်ရေးလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။  တောင်သားလူမျိုးတွေ့ဆုံပွဲ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကို ထီးလင်းမြို့နယ် ဝက်သက်ကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။ အခုတတိယအကြိမ်ကိုတော့ လူဦးရေထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။  ဒါ့အပြင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနဲ့ လွှတ်တော်ကိုယ်စာလှယ်တွေ၊ သယံဇာတဝန်ကြီး ဦးမြင့်ဇော်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။
1 year Ago
Up