တောင်ပံတိုက်စစ်မှူး

October 6, 2020

တောင်ပံတိုက်စစ်မှူး  ဒေါက်ဂလပ်ကော်စတာကို ဘိုင်ယန်အသင်း ပြန်ခေါ်ယူ

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျူဗင်တပ်စ်က  တောင်ပံတိုက်စစ်မှူး ဒေါက်ဂလပ်ကော်စတာကို တစ်နှစ် အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူလိုက်ပါတယ်။ ကော်စတာဟာ ၂၀၁၅ ခုနှစ်က ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းကနေ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ၂ နှစ်ကြာ ကစားခဲ့ဖူးတာပါ။  ၂၀၁၇ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းဆီ အငှားပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အပြီးသတ်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ နှစ်ရာသီ ကြာကာလအတွင်း စုစုပေါင်း ၁၀၃ ပွဲကစားခဲ့ပြီး ၁၀ ဂိုး သွင်းခဲ့ပါတယ်။  အသက် ၃၀ ရှိ တောင်ပံတိုက်စစ်မှူး ဒေါက်ဂလပ်ကော်စတာဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဘိုင်ယန်မြူးနစ်အတွက် စုစုပေါင်း ၇၇ ပွဲ ကစားခဲ့ပြီး ၁၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။  ဘိုင်ယန်မြူးနစ်အသင်းဟာ  မာဆေး နောက်ခံလူ ဘွန်နာဆား၊ ပီအက်စ်ဂျီတိုက်စစ်မှူး ချူပိုမော့တီး၊ အက်စ်ပန်ညိုကွင်းလယ်လူ မာ့ရိုကာတို့ကိုလည်း ခေါ်ယူနိုင်ခဲ့ပါတယ်။
7 months Ago

March 30, 2020

ဘာစီလိုနာတွင် တောင်ပံတိုက်စစ်မှူးများ လိုအပ်နေဟု ဇာဗီ သုံးသပ်

ဘာစီလိုနာနည်းပြဖြစ်လာရင် တောင်ပံကစားသမားတွေကို ဝယ်ယူအသုံးပြုမယ်လို့ နည်းပြဇာဗီက ပြောပါတယ်။  ဘာစီလိုနာဂန္ထဝင် ကစားသမားကြီးဇာဗီဟာ  လက်ရှိအချိန်မှာတော့ ကာတာကလပ် အယ်လ်ဆတ် အသင်းကို နည်းပြနေတာဖြစ်ပြီး တချိန်မှာ ဘာစီလိုနာနည်းပြဖြစ်လာခဲ့ရင်တော့ နေမာလို တောင်ပံ တိုက်စစ်ကစားသမားတွေကို ဝယ်ယူအသုံးပြုသွားမယ်လို့ ပြောကြားလိုက်တာပါ။ ဘာစီလိုနာကို နည်းပြအဖြစ်တာဝန်ယူခွင့်ရရင် ဘာလုပ်မလဲဆိုတော့ မေးခွန်းကို ဇာဗီက ပြောကြားလိုက်တာဖြစ်ပြီး ဘာစီလိုနာမှာ ကွင်းလယ်ကစားသမားကောင်းတွေရှိပေမယ့် ဘိုင်ယန်မြူးနစ်က နာဘရီလိုမျိုး၊ ဒေါ့မွန်က ဆန်ချိုလိုမျိုး တောင်ပံကစာသမားကောင်းတွေ ကင်းမဲ့နေတယ်လို့ ဇာဗီက ထောက်ပြခဲ့ပါတယ်။
1 year Ago
Up