တောင်ဒဂုံအထက်တန်းကျောင်းသား ၁၃ ဦးထံမှ စိတ်ကြွဆေးသုံး ပစ္စည်းများ တွေ့ရှိ

December 5, 2019

တောင်ဒဂုံအထက်တန်းကျောင်းသား ၁၃ ဦးထံမှ စိတ်ကြွဆေးသုံး ပစ္စည်းများ တွေ့ရှိ

တောင်ဒဂုံအထက်တန်းကျောင်းရှိ ၉ တန်းကျောင်းသား ၁၃ ဦးထံက wy စိတ်ကြွဆေးပြား သုံးပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီလိုတွေ့ရှိရာမှ စုံစမ်းဖော်ထုတ်မှုအရ ဆေးလိပ်အတွင်း ဆေးခြောက်ထည့်လိပ်ပြီး သုံးစွဲကြောင်းလည်း ဖော်ထုတ်ရရှိခဲ့ပါတယ်။ ကျောင်းအတွင်းရှိကလေးတွေ မူးယစ်ဆေးဝါးသုံးစွဲကြောင်းကို တာဝန်သိပြည်သူတဦးက သတင်းပေးတိုင်းတန်းချက်အရ သူတို့အခန်းထဲမှာပဲ ရှာဖွေတွေ့ရှိခဲ့တာပါ။  လက်ရှိမှာတော့ဖြစ်စဉ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတိုင်ကြားထားပြီး ကလေးတွေကို သူတို့မိဘတွေထံ အပ်နှံထားတယ်လို့ တာဝန်ကျဆရာမတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့လွှတ်တော်မှာလည်း wy စိတ်ကြွဆေးပြားဟာ အခြေခံပညာကျောင်းတွေထိပါ ပျံ့နှံ့သုံးစွဲနေပြီး ဒီကိစ္စကို အမြန်ဆုံးထိန်းချုပ်ဖို့ အရေးကြီးအဆို တင်သွင်းဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။  ဆက်လက်ပြီးတော့လည်း အခြေခံပညာကျောင်းတွေမှာ မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။
3 years Ago
Up