တောင်တက်သမား ၂ ဦး

A d v e r t i s e m e n t With Us

May 27, 2020

၁၈ ရက်ကြာ ပျောက်ဆုံးနေသည့် နယူးဇီလန် တောင်တက်သမား ၂ ဦးကို ပြန်တွေ့

နယူးဇီလန် တောနက်အတွင်း ၁၈ ရက်ကြာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား  နှစ်ဦးကို  ကယ်ဆယ်ရေးသမားတွေက မေ ၂၇ ရက်မှာ အသက်ရှင်လျက် ရှာတွေ့ခဲ့ပါတယ်။   အသက် ၂၃  နှစ်အရွယ်ရှိကြတဲ့  ဂျက်စီကာအိုကော်နာနဲ့ ဒီယွန်ရေးနော့ တို့နှစ်ယောက်ဟာ  မေ ၉ ရက်က ကာဟူရန်ဂီ အမျိုးသားဥယျာဉ်အတွင်း တောင်တက်ခဲ့ပါတယ်။ ၅ ရက်အကြာမှာ သူတို့ ပြန်ဆင်းလာရမှာ ဖြစ်ပေမယ့် ပြန်မလာခဲ့ဘဲ မေ ၁၈ ရက်မှာ သူတို့ ပျောက်ဆုံးတာကို မိတ်ဆွေတယောက်က ရဲကို အကြောင်းကြားခဲ့ပါတယ်။ အဲဒီနောက် ရှာဖွေရေးစတင်ခဲ့ပြီး မေ ၂၇ ရက်မှာတော့ ရဟတ်ယာဉ်နဲ့ သူတို့ကို  ရှာတွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တောင်တက်နေစဉ် မြူနှင်းတောထဲမှာ လမ်းပျောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့ဟာ တောင်ပေါ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ရှာဖွေရေးအဖွဲ့ လာရောက်ချိန်မှာတော့ သူတို့မှာ စားစရာတွေ ကုန်နေခဲ့ပါတယ်။ အဲဒီနောက် သူတို့ကို ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပေးပြီး ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့  ရဲတပ်ဖွဲ့က ပြောပါတယ်။  ကာဟူရန်ဂီ အမျိုးသားဥယျာဉ်ဟာ ဟက်တာပေါင်း ၄ သိန်းခွဲခန့် ကျယ်ဝန်းပြီး နယူးဇီလန်ရဲ့ ဒုတိယအကြီးဆုံး အမျိုးသားဥယျာဉ်ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
9 months Ago
Up