တောင်တက်စက်ဘီး

December 7, 2019

တောင်တက်စက်ဘီး စတန့်သမား ဝစ်မာ၏  ရင်သပ်ရှုမောဖွယ် စက်ဘီးစီးပြကွက် (ရုပ်သံ)

မကြာသေးခင်က ပဲရစ်မြို့မှာ တောင်တက်စက်ဘီး စတန့်သမား ဖာဘီယို ဝစ်မာက ရင်သပ်ရှုမောဖွယ် စက်ဘီးစီးပြကွက်တွေကို ပြသခဲ့ပါတယ်။  သြစတြီးယန်းလူမျိုး ဝစ်မာဟာ လိုင်ယွန်နဲ့ ပဲရစ်မြို့လမ်းတွေပေါ်မှာ အံ့အားသင့်ဖွယ် ပြကွက်ဆန်းတွေနဲ့  သူရဲ့ စက်ဘီးစီးစွမ်းရည်ကို ပြသခဲ့တာပါ။    စက်ဘီးစတန့်သမား ဝစ်မာဟာ ၂၀၁၆ သြစတြီးယန်း တောင်တက်စက်ဘီးပြိုင်ပွဲ   ချန်ပီယံဖြစ်ပြီး အခုအခါမှာတော့ သူဟာ ဗွီဒီယိုပရိုဂျူဆာတဦး ဖြစ်ပါတယ်။    ဒီသီတင်းပတ်မှာပဲ သူရဲ့ နောက်ဆုံးဗွီဒီယို ဖြစ်တဲ့ မြို့ပြစက်ဘီးစီး တိုက်ရိုက်ထုတ်လွှင့်မှု  - ၃ ကို ထုတ်လွှင့်ခဲ့ပါတယ်။  ဒီထုတ်လွှင့်မှုဟာ လိုင်ယွန်ကနေ ပဲရစ်မြို့သွား ခရီးစဉ်ပေါ်မှာ အခြေခံပြီး  အီဖယ်တာဝါ အရောက်မှာတော့ ခရီးစဉ် ပြီးဆုံးသွားခဲ့ပါတယ်။
2 years Ago
Up