တောင်ငူမြို့

May 18, 2020

တောင်ငူမြို့တွင် အင်အား ၃.၂ အဆင့် မြေငလျင်တခု လှုပ်ရှား

ပဲခူးတိုင်း တောင်ငူမြို့မှာ အင်အား ၃.၂ အဆင့် မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ မေ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၃ နာရီ၊ ၃၂ မိနစ်၊ (၄၆) စက္ကန့်အချိန်က တောင်ငူမြေငလျင်စခန်းကနေ အနောက်တောင်ဘက် ၇၅ မိုင်ခန့်ကွာဝေးတဲ့ နတ်တလင်းမြို့ရဲ့ အနောက်တောင်ဘက် ၈ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၈.၃၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၄၆ ဒီဂရီ၊ အနက် ၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
11 months Ago
Up