တောင်ကြီးမြို့ ရှမ်းပြည်နယ်နေ့အခမ်းအနား နိုင်ငံတော်သမ္မတ တက်ရောက်

February 7, 2020

တောင်ကြီးမြို့ ရှမ်းပြည်နယ်နေ့အခမ်းအနား နိုင်ငံတော်သမ္မတ တက်ရောက်

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ ဒီကနေ့မနက်က ကျင်းပတဲ့ (၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် ပါတယ်။ ရှမ်းပြည်နယ်နေ့ကျင်းပလာတာ  ၇၃ နှစ်ရှိပြီဖြစ်သော်လည်း ရှမ်းခေါင်းဆောင်တွေ လိုလားတဲ့  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတွေ မရရှိသေးဘူးလို့ သမ္မတက မိန့်ခွန်းမှာ ပြောပါတယ်။ ဒါ့အပြင် ယနေ့ အချိန်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် တက်လှမ်းနေပြီဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ဟာ ဒွန်တွဲလျက်ရှိနေကာ အလွန်အရေးကြီးတယ်လို့လည်း သမ္မတ ဦးဝင်းမြင့် ကပြောသွားပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်သမ္မတက သဝဏ်လွှာဖတ်ကြားခဲ့ပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့အစည်း ၂၀ လောက်က အကအလှတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတနဲ့ဇနီးက ခင်းကျင်းပြသထားတဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်းတွေနဲ့ ဌာနဆိုင်ရာ ပြခန်းပေါင်း ၃၈ ခန်းကို လိုက်လံ ကြည့်ရှုအားပေးခဲ့ပါတယ်။ ခွန်ရာဇာ
1 year Ago
Up