တောင်ကြီးမြို့၌ စက်ဘီးစီး၊ တောင်တက်၊ အပြေး ၃ မျိုးပေါင်းပြိုင်ပွဲ ပထမအကြိမ်ကျင်းပ

A d v e r t i s e m e n t With Us

December 24, 2019

တောင်ကြီးမြို့၌ စက်ဘီးစီး၊ တောင်တက်၊ အပြေး ၃ မျိုးပေါင်းပြိုင်ပွဲ ပထမအကြိမ်ကျင်းပ

လူငယ်အားကစားသမားတွေ ပေါ်ထွန်းလာဖို့ ရည်ရွယ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပထမဆုံးအကြိမ် စက်ဘီးစီး၊ တောင်တက်၊ အပြေး အားကစား သုံးမျိုးပေါင်းပြီး ပြိုင်ပွဲကျင်းပပါတယ်။ တောင်ကြီးမြို့ ကရင်မရေထွက်က စပြီး စက်ဘီးတာထွက်သတ်မှတ်ကာ ကျောက်တိုင်ကွင်း အထိ အဲ့ဒီကတဆင့် လှေကားထစ်ရှိတဲ့ ရွှေဘုန်းပွင့်ဘုရားကိုတက်ကာ ရွှေမုဌောတောင်အထိ ပြေးပြီး ပန်းဝင်ရတာပါ။ ပြိုင်ပွဲကို အလွတ်တန်း၊ ၂၅ နှစ်အထက်၊ ၂၅ နှစ်အောက်ဆိုပြီး သုံးမျိုးခွဲပြီး ယှဉ်ပြိုင်စေခဲ့ပါတယ်။ ရှမ်းပြည်နယ် စက်ဘီးစီးဆပ်ကော်မတီဥက္ကဋ္ဌ ကိုအောင်ကျော်မိုးက “ပြိုင်ပွဲက သုံးမျိုးဖြစ်တဲ့ အတွက် ခန္ဓာကိုယ်သန်မာစေပြီး သံမဏိပြိုင်ပွဲလို့လည်းခေါ်ပါတယ်။ ဒီလိုပြိုင်ပွဲဟာ နိုင်ငံခြားမှာ လုပ်လေ့ရှိပေမယ့် ရှမ်းပြည်နယ်က စတင်ကျင်းပတာ”လို့ပြောပါတယ်။ ပြိုင်ပွဲကို လူ ၄၀၀ ကျော်လာရောက်ယှဉ်ပြိုင်ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုတွေကို ပေးအပ်ကာ  ပန်းဝင်ပြိုင်ပွဲဝင်အားလုံးကို လည်ဆွဲပြားတွေ ပေးအပ်ခဲ့ပါတယ်။ သတင်း- ခွန်ရာဇာ
1 year Ago
Up