တောင်ကြီးမြို့

A d v e r t i s e m e n t With Us

March 4, 2021

စီးတီးမတ်ဆိုင်များ နေပြည်တော်နှင့် တောင်ကြီးမှလွဲ အားလုံးပိတ်ထားမည်

စီးတီးမတ်အရောင်းဆိုင်တွေကို Ocean Supercenter နေပြည်တော်ဆိုင်ခွဲတွေနဲ့ တောင်ကြီးဆိုင်ခွဲကလွဲပြီး ကျန်တဲ့ ဆိုင်တွေအားလုံးကို ယာယီပိတ်ထားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

စီးတီးမတ် ဝန်ထမ်းတွေနဲ့ စျေးဝယ်သူမိဘပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ ဦးစားပေး အရေးကြီးတဲ့အချက်ဖြစ်ကြောင်း၊ ဒါကြောင့်မို့  နေပြည်တော်နဲ့ တောင်ကြီးဆိုင်ခွဲမှအပ ကျန်တဲ့ ဆိုင်တွေအားလုံးကို မတ် ၄ ရက်က စတင်ကာ ယာယီပိတ်ထားမှာ ဖြစ်ကြောင်း အသိပေးထားတာပါ။

စီးတီးမတ်အနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သေချာစောင့်ကြည့်နေပြီး ပြောင်းလဲမှုတစုံတရာရှိပါက တတ်နိုင်သမျှ ထပ်ပြီးတော့ အကြောင်းကြားပေးသွားမှာ ဖြစ်ကြောင်းနဲ့ အခုကာလအတွင်း  မိဘပြည်သူတဦးတယောက်ချင်း ဘေးကင်းလုံခြုံစေဖို့နဲ့ နိုးကြားတက်ကြွစွာ နေထိုင်ကြဖို့လည်း အားပေးတိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။ 

2 days Ago

February 15, 2021

တောင်ကြီးမြို့တွင် ရိုးရာမီးပုံးပျံ လွှတ်တင်ပြီး စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ တပ်မတော်က အာဏာသိမ်းမှုကို တောင်ကြီးသားတွေ လုံးဝ လက်မခံကြောင်းပြသတဲ့အနေနဲ့  ဒီကနေ့ ရိုးရာ မီးပုံးပျံလွှတ်တင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တပ်မတော် အာဏာသိမ်းမှုကို လုံးဝလက်မခံတဲ့အကြောင်း၊ မတရား ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ မီးပုံးပျံ လွှတ်တင်ခဲ့တာပါ။

“အဓိက လူငယ်တွေ စုစုစည်းစည်းနဲ့ ဒီလိုဖြစ်ချင်တယ်၊ ဒီလို တောင်းဆိုတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ ရိုးရာနဲ့ စစ်အာဏာသိမ်းမှု လုံးဝလက်မခံဘူး၊ မတရားဖမ်းထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်” လို့ ပါဝင်သူတစ်ဦးက ပြောပါတယ်။

မီးပုံးပျံ ကိုယ်ထည်မှာ reject military group, respect our votes ဆိုပြီး ရေးသား ဖော်ပြထားပါတယ်။

ခွန်ရာဇာ

3 weeks Ago
More News
Up