တောင်ကိုရီးာ

August 22, 2019

အစ္စရေးနှင့်တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ရရှိ

အစ္စရေးနဲ့ တောင်ကိုရီးယားဟာ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး သုံးနှစ်ကြာ ညှိနှိုင်းဆွေးနွေးအပြီး သြဂုတ် ၂၁ ရက်နေ့မှာတော့ ဆုံးဖြတ်ချက် ချလိုက်ကြပါတယ်။ အစ္စရေး - တောင်ကိုရီးယားနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေးဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံဖိုးထိ ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ဟာ အတည်ပြု လက်မှတ်မရေးထိုးရသေးပေမယ့် နောက်ထပ် စီးပွားရေးခြေလှမ်းတွေ တိုးချဲ့သွားမယ်လို့ ခန့်မှန်းရပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုနဲ့ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး ယွန်မြောက်ဟီတို့က အဲဒီကုန်သွယ်ရေး သဘောတူညီချက်ကို ချီးမွမ်းခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက်အရ အစ္စရေးပို့ကုန်ရဲ့ ၉၅ ရာခိုင်နှုန်းကျော်ဟာ အခွန်ကင်းလွတ်ခွင့်ရမှာ ဖြစ်တာကြောင့် သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ စားသုံးသူတွေအနေနဲ့ တနှစ်ကို အမေရိကန်ဒေါ်လာ ၂၈ သန်းလောက် သက်သာမယ်လို့ အစ္စရေး စီးပွားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးကနေ တောင်ကိုရီးယားကို ပို့တဲ့ ကုန်ပစ္စည်း ထက်ဝက်လောက်ဟာ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေအပြင် မြေသြဇာ ၊ အလှကုန်နဲ့ အချိုရည်တွေလည်း ပါပါတယ်။ အစ္စရေး အကောက်ခွန်ဌာနကလည်း တောင်ကိုရီးယားက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အလားတူ အခွန်ကင်းလွတ်ခွင့်ပေးသွားမှာပါ။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတွေ စာရင်းရဲ့ နံပါတ် ၁၁ မှာ ရှိတဲ့ တောင်ကိုရီးယားဟာ မော်တော်ကားနဲ့ ကားအစိတ်အပိုင်းတွေအပြင် အရုပ်တွေ၊ ကိရိယာတန်ဆာပလာတွေနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို အစ္စရေးဆီ တင်ပို့ပါတယ်။   အစၥေရးႏွင့္ေတာင္ကိုရီးယား လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္ ရရွိ DVB အစၥေရးနဲ႔ ေတာင္ကိုရီးယားဟာ လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္နဲ႔ ပတ္သက္ၿပီး သုံးႏွစ္ၾကာ ညႇိႏႈိင္းေဆြးေႏြးအၿပီး ၾသဂုတ္ ၂၁ ရက္ေန႔မွာေတာ့ ဆုံးျဖတ္ခ်က္ ခ်လိုက္ၾကပါတယ္။ အစၥေရး - ေတာင္ကိုရီးယားႏွစ္ႏိုင္ငံ အျပန္အလွန္ကုန္သြယ္ေရးဟာ ၂၀၁၈ ခုႏွစ္မွာ အေမရိကန္ ေဒၚလာ ၂ ဒႆမ ၅ ဘီလီယံဖိုးထိ ၁၅ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ပါတယ္။ လက္ရွိမွာေတာ့ ႏွစ္ႏိုင္ငံ လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္ဟာ အတည္ျပဳ လက္မွတ္မေရးထိုးရေသးေပမယ့္ ေနာက္ထပ္ စီးပြားေရးေျခလွမ္းေတြ တိုးခ်ဲ႕သြားမယ္လို႔ ခန႔္မွန္းရပါတယ္။ အစၥေရး ဝန္ႀကီးခ်ဳပ္ ဘန္ဂ်မင္ ေနတန္ရာဟုနဲ႔ ေတာင္ကိုရီးယား ကုန္သြယ္ေရးဝန္ႀကီး ယြန္ေျမာက္ဟီတို႔က အဲဒီကုန္သြယ္ေရး သေဘာတူညီခ်က္ကို ခ်ီးမြမ္းခဲ့ၾကပါတယ္။ အဲဒီသေဘာတူညီခ်က္အရ အစၥေရးပို႔ကုန္ရဲ႕ ၉၅ ရာခိုင္ႏႈန္းေက်ာ္ဟာ အခြန္ကင္းလြတ္ခြင့္ရမွာ ျဖစ္တာေၾကာင့္ သြင္းကုန္လုပ္ငန္းရွင္ေတြနဲ႔ စားသုံးသူေတြအေနနဲ႔ တႏွစ္ကို အေမရိကန္ေဒၚလာ ၂၈ သန္းေလာက္ သက္သာမယ္လို႔ အစၥေရး စီးပြားေရး ဝန္ႀကီးဌာနက ေျပာပါတယ္။ အစၥေရးကေန ေတာင္ကိုရီးယားကို ပို႔တဲ့ ကုန္ပစၥည္း ထက္ဝက္ေလာက္ဟာ စက္ပစၥည္း၊ လွ်ပ္စစ္ပစၥည္းနဲ႔ ေဆးဘက္ဆိုင္ရာ ပစၥည္းေတြအျပင္ ေျမၾသဇာ ၊ အလွကုန္နဲ႔ အခ်ိဳရည္ေတြလည္း ပါပါတယ္။ အစၥေရး အေကာက္ခြန္ဌာနကလည္း ေတာင္ကိုရီးယားက တင္သြင္းလာတဲ့ ကုန္ပစၥည္းေတြအေပၚ အလားတူ အခြန္ကင္းလြတ္ခြင့္ေပးသြားမွာပါ။ ကမာၻ႔စီးပြားေရး အင္အားအႀကီးဆုံး ႏိုင္ငံေတြ စာရင္းရဲ႕ နံပါတ္ ၁၁ မွာ ရွိတဲ့ ေတာင္ကိုရီးယားဟာ ေမာ္ေတာ္ကားနဲ႔ ကားအစိတ္အပိုင္းေတြအျပင္ အ႐ုပ္ေတြ၊ ကိရိယာတန္ဆာပလာေတြနဲ႔ အီလက္ထေရာနစ္ ပစၥည္းေတြကို အစၥေရးဆီ တင္ပို႔ပါတယ္။
2 years Ago
Up