တောင်ကိုရီးယားအစိုးရ

December 23, 2021

တောင်ကိုရီးယားအစိုးရကို အသေးစားလုပ်ငန်းရှင် ၅၀၀ ခန့် ဆန္ဒပြ

တောင်ကိုရီးယား အသေးစားစီးပွားရေးလုပ်ငန်းရှင် ၅၀၀  လောက်က  အစိုးရစုပေါင်းရုံး တခုရှေ့မှာ ဒီဇင်ဘာ ၂၂ ရက်က  ဆန္ဒပြခဲ့ပါတယ်။ 

နှစ်သစ်ကူးအားလပ်ရက်ကာလမတိုင်ခင် ကိုဗစ်-၁၉ အကြောင်းပြုပြီး တင်းကျပ်တဲ့ ကန့်သတ်ထိန်းချုပ်မှုတွေ မလုပ်ဖို့ တောင်းဆိုကြတာပါ။

ပြီးခဲ့အပတ်မှာ အစိုးရက ကိုဗစ်-၁၉ ပြန့်ပွားမှုထိန်းချုပ်ဖို့ ဇန်နဝါရီ ၂ ရက်အထိ လူ ၄ ဦးထက် ပိုပြီး မစုဝေးဖို့၊ စားသောက်ဆိုင် ကော်ဖီဆိုင်နဲ့  ဘားတွေ ည  ၉ နာရီမတိုင်ခင် ပိတ်ဖို့ အပါအဝင် တင်းကျပ်တဲ့ စည်းကမ်းတွေ ပြဋ္ဌာန်းလိုက်တာကြောင့် အသေးစားလုပ်ငန်းရှင်တွေ ပေါက်ကွဲ နေတာပါ။ 

နောက်ထပ် ဘယ်အမိန့်ကိုမှ မလိုက်နာနိုင်တော့ဘူးလို့ ပြောပြီး သူတို့ရဲ့လုပ်ငန်းလိုင်စင် မိတ္တူစာရွက်တွေကို ဖျက်ဆီးလိုက်ပါတယ်။ 

ဆိုးလ်မြို့တော်‌မြောက်ဘက် ဝီဂျောင်ဘိုမြို့ အသေးစားလုပ်ငန်းရှင်ဥက္ကဋ္ဌ လီဆန်ဘတ်ခ်က “ ကိုရီးယားမှာ အသေးစားစီးပွား‌ရေးလုပ်ငန်းရှင် ၇ သန်း ရှိပါတယ်။ ကိုဗစ်ကြောင့် အားလုံးဒုက္ခရောက်နေတယ်။ အများစုက ဒီအကျပ်အတည်းကို မကျော်လွှားနိုင်ဘူး၊ တချို့ လုပ်ငန်းတွေ ပိတ်ကြ၊ တချို့ သတ်သေကြတယ်” လို့ ပြောပါတယ်။ 

တောင်ကိုရီးယားမှာ နိုင်ငံတဝန်း  ကာကွယ်ဆေးထိုးပြီး ခြောက်ပတ်အကြာမှာ ကန့်သတ်မှုတွေ ဖြေလျှော့ခဲ့ပါတယ်။ 

အဲဒီနောက် နေ့စဉ် ကူးစက်မှုနှုန်း ပြန်မြင့်လာပြီး မနေ့က ကူးစက်ခံရသူ ၇၄၅၆ ဦးရှိကာ  သေဆုံးသူ ၇၄ ဦးထိ ရှိပါတယ်။

1 month Ago

September 14, 2020

semiconductor စမ်းသပ်စက်ရုံ တောင်ကိုရီးယားအစိုးရနှင့်ဆမ်ဆောင်းပူးပေါင်းဖွင့်

ဂျပန်က ထိန်းချုပ်ကန့်သတ်အပြီးမှာ အီလက်ထရောနစ်ပစ္စည်း ထုပ်လုပ်ရေး မရှိမဖြစ်  ချစ်ပ်စ်ပြားတွေ ရရှိရေး တောင်ကိုရီးယားအစိုးရ နဲ့ ဆမ်ဆောင်းနိုင်ငံပေါင်းစုံလုပ်ငန်းစုတို့ semiconductor စမ်းသပ်စက်ရုံကို တိုးချဲ့ ဖွင့်လှစ်လိုက်ပါတယ်။   မနှစ်က ဂျပန်အစိုးရက အဆင့်မြင့်နည်းပညာသုံး ချစ်ပ်စ်လုပ်တဲ့ပစ္စည်းတွေ ပြည်ပတင်ပို့မှု ထိန်းချုပ် ကန့်သတ်ခဲ့လို့ ဂျပန်ပို့ကုန်ကို အားကိုးနေရတဲ့ တောင်ကိုရီးယားအတွက် အခက်တွေ့ခဲ့ တာပါ။   ဒါကြောင့် ကမ္ဘာ့ထိပ်တန်း မှတ်ဉာဏ်သုံးချစ်ပ်စ် ထုတ်လုပ်သူ ဆမ်ဆောင်းနဲ့ တောင်ကိုရီးယားအစိုးရတို့ဟာ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ အရေးပေါ်အခြေအနေအတွက် တွန်းအား စိုက် လုပ်ဆောင်မှု ရလဒ်အဖြစ် အစိုးရကလုပ်ငန်းလည်ပတ်နေတဲ့ အမျိုးသားနာနိုဖတ်ဘ်ဌာန ပေါ်ထွက်လာပါတယ်။   ဒါပေမဲ့ တောင်ကိုရီးယားဟာ ခေတ်မီဆန်းပြားတဲ့ ချစ်ပ်စ်နည်းပညာနဲ့ပတ်သက်ပြီး ကိုယ့်အားကိုယ်ကိုးနိုင်သူဖြစ်လာဖို့ ခရီးရှည်ကြီး သွားရဦးမယ်လို့ အဲဒီလုပ်ငန်းသတင်းရင်းမြစ်က သတိပေးခဲ့ပါတယ်။   “ဂျပန်ကလည်း ပြည်ပတင်ပို့မှု ကန့်သတ်ချက် ချမှတ်တယ် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုး ကွင်းဆက်က ကျိုးပျက်နေတယ်။ ကုမ္ပဏီကြီးတွေကလည်း လွတ်လပ်တဲ့ ဖောင်ဒေးရှင်းတွေကို အာမခံချက် ရှိအောင် ကာကွယ်ချင်နေကြတယ်။ ဒါကြောင့် ကျနော်တို့က စမ်းသပ်နိုင်တဲ့ အခင်း အကျင်းကို ပြင်ဆင်ခဲ့တာ”လို့ အမျိုးသားနာနိုဖတ်ဘ်ဌာန ဥက္ကဋ္ဌ လီဂျိုဝမ်က ပြောပါတယ်။ တောင်ကိုရီးယားဟာ ပြည်ပက တင်သွင်းနေရတဲ့ ချစ်ပ်စ်ထုတ်လုပ်ရာမှာသုံးတဲ့ပစ္စည်း အမျိုး ၁၀၀ လောက်ကိုရဖို့ ဂျပန်ကို အကြီးအကျယ် မှီခိုနေရတယ်လို့ နိုင်ငံတကာကုန်သွယ်ရေးဌာနက ပြောပါတယ်။  ဂျပန်က ကန့်သတ်တဲ့ မနှစ်က စပြီး တောင်ကိုရီးယားအစိုးရဟာ ပစ္စည်း ၃ မျိုးကို ရနိုင်မယ့် အရင်းအမြစ်အတွက် ဘယ်လ်ဂျီယံ ထိုင်ဝမ်နဲ့ တရုတ်တို့ဆီကနေ ခွဲယူ ရရှိနေပါတယ်။ 
1 year Ago
Up