တောင်ကိုရီးယားဖိုက်တာ

August 31, 2019

ဖိုးသော်နှင့် တောင်ကိုရီးယားဖိုက်တာ တိုကျိုတွင် ထိုးသတ်မည် 

လာမယ့်အောက်တိုဘာလ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲမှာ အောင်လအန်ဆန်းရဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအပြင် တောင်ကိုရီးကစားသမားနဲ့ ထိပ်တိုက်တွေ့နေတဲ့ ဖိုးသော်ရဲ့ ပွဲလည်း ပါဝင်နေပါတယ်။  100 Century လို့ နာမည်ပေးထားတဲ့ အဲ့ဒီပွဲကို တိုကျိုမြို့မှာ ကျင်းပမှာ ဖြစ်ပြီးတော့ အောင်လနဲ့ ဘရန်ဒန်ဗီရာတို့ရဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ အပါအဝင် အခြားဝိတ်တန်း အလိုက် ချန်ပီယံလုပွဲတွေနဲ့ ကစ်ဘောက်ဆင်၊မွေထိုင်းနဲ့ ဂရင်းပရစ် ဗိုလ်လုပွဲစဉ်တွေလည်း စီစဉ်ထားတယ်လို့ တရားဝ င်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ပွဲကို အောက်တိုဘာ ၁၃ရက်မှာ ကျင်းပမှာ ဖြစ်ပြီးတော့ပထမပိုင်း ဒုတိယပိုင်း နှစ်ပိုင်းခွဲပြီး ကျင်းပမှာလည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်းကလည်း ဖိလစ်ပိုင်က ဝမ်းဟဲဗီးဝိတ်လက်ရှိချန်ပီယံနဲ့ ထိုးသတ်ရဖို့ မစောင့်နိုင်တော့ကြောင်း ပြောကြားထားသလို အောင်လအန်ဆန်းရဲ့ဂျူနီယာ MMA ကစားသမား ဖြစ်တဲ့ ဖိုးသော်ကတော့ တပွဲထက်တပွဲ အရေးကြီးလာခဲ့လို့ သေချာပြင်ဆင်ဖို့ လိုအပ်သလို သူ့အနေနဲ့ကတော့ အနိုင်ကစားပေးမယ်လို့ ပြောကြားထားပါတယ်။ ဖိုးသော်ကတော့ တောင်ကိုရီးယားဖိုက်တာ ဖြစ်တဲ့ ယွန်းချန်းမင်းနဲ့ အဓိကပွဲတပွဲအဖြစ် ထိုးသတ်ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ- Phoe Thaw ~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဖိုးေသာ္ႏွင့္ ေတာင္ကိုရီးယားဖိုက္တာ တိုက်ိဳတြင္ ထိုးသတ္မည္  လာမယ့္ေအာက္တိုဘာလ ဂ်ပန္ႏိုင္ငံမွာ က်င္းပမယ့္ ဝမ္းခ်န္ပီယံရွစ္ ၿပိဳင္ပြဲမွာ ေအာင္လအန္ဆန္းရဲ႕ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံကာကြယ္ပြဲအျပင္ ေတာင္ကိုရီးကစားသမားနဲ႔ ထိပ္တိုက္ေတြ႕ေနတဲ့ ဖိုးေသာ္ရဲ႕ ပြဲလည္း ပါဝင္ေနပါတယ္။ 100 Century လို႔ နာမည္ေပးထားတဲ့ အဲ့ဒီပြဲကို တိုက်ိဳၿမိဳ႕မွာ က်င္းပမွာ ျဖစ္ၿပီးေတာ့ ေအာင္လနဲ႔ ဘရန္ဒန္ဗီရာတို႔ရဲ႕ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံလုပြဲ အပါအဝင္ အျခားဝိတ္တန္း အလိုက္ ခ်န္ပီယံလုပြဲေတြနဲ႔ ကစ္ေဘာက္ဆင္၊ေမြထိုင္းနဲ႔ ဂရင္းပရစ္ ဗိုလ္လုပြဲစဥ္ေတြလည္း စီစဥ္ထားတယ္လို႔ တရားဝ င္ထုတ္ျပန္ခဲ့ၿပီးျဖစ္ပါတယ္။ ပြဲကို ေအာက္တိုဘာ ၁၃ရက္မွာ က်င္းပမွာ ျဖစ္ၿပီးေတာ့ပထမပိုင္း ဒုတိယပိုင္း ႏွစ္ပိုင္းခြဲၿပီး က်င္းပမွာလည္း ျဖစ္ပါတယ္။ ေအာင္လအန္ဆန္းကလည္း ဖိလစ္ပိုင္က ဝမ္းဟဲဗီးဝိတ္လက္ရွိခ်န္ပီယံနဲ႔ ထိုးသတ္ရဖို႔ မေစာင့္ႏိုင္ေတာ့ေၾကာင္း ေျပာၾကားထားသလို ေအာင္လအန္ဆန္းရဲ႕ဂ်ဴနီယာ MMA ကစားသမား ျဖစ္တဲ့ ဖိုးေသာ္ကေတာ့ တပြဲထက္တပြဲ အေရးႀကီးလာခဲ့လို႔ ေသခ်ာျပင္ဆင္ဖို႔ လိုအပ္သလို သူ႔အေနနဲ႔ကေတာ့ အႏိုင္ကစားေပးမယ္လို႔ ေျပာၾကားထားပါတယ္။ ဖိုးေသာ္ကေတာ့ ေတာင္ကိုရီးယားဖိုက္တာ ျဖစ္တဲ့ ယြန္းခ်န္းမင္းနဲ႔ အဓိကပြဲတပြဲအျဖစ္ ထိုးသတ္ရမွာ ျဖစ္ပါတယ္။ ဓာတ္ပုံ- Phoe Thaw
2 years Ago
Up