တောင်ကိုရီးယား

June 11, 2021

မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေး အမေရိကန်နှင့် တောင်ကိုရီးယားဆွေးနွေး

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းနဲ့ ကိုရီးယားသမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချွိုင်ဂျွန်ကွန်တို့ဟာ ဇွန်လ ၉ ရက်က ဝါရှင်တန်မှာတွေ့ဆုံစဉ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

“အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးနဲ့ ကိုရီးယားသမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိရေးက အရေးကြီးတဲ့အကြောင်းနဲ့ လက်ရှိနဲ့အနာဂတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အမေရိကန်ပြည်ထောင်စု၊ ကိုရီးယားသမ္မတနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကြား အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးက မရှိမဖြစ် အရေးပါတဲ့အကြောင်းတွေကို ထပ်လောင်းအတည်ပြုခဲ့ကြပါသေးတယ်”လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ် က ပြောပါတယ်။ 

အမေရိကန်နဲ့ တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ဟာ နှစ်နိုင်ငံ ပူးပေါင်းပြီး အရှေ့မြောက်အာရှ၊ အင်ဒို - ပစိဖိတ်နဲ့ တခြားဒေသတွေမှာ ငြိမ်းချမ်းရေး၊ လုံခြုံမှုနဲ့ သာယာဝပြောမှုတွေ ဆောင်ရွက်ဖို့ကိစ္စတွေလည်းဆွေးနွေးခဲ့ပါတယ်။

  ဒါ့အပြင်ရာသီဥတုပြောင်းလဲမှု ပြဿနာ ဖြေရှင်းရေး၊ အင်ဒို - ပစိဖိတ်ဒေသရှိ စိန်ခေါ်မှုတွေကိုဖြေရှင်းရေး၊ ကိုရီးယားကျွန်းဆွယ်အရေး၊ ကာကွယ်ဆေးထုတ်လုပ်မှု တိုးမြှင့်ရေး၊ ဆက်စပ်ပစ္စည်းတွေ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေကနေတဆင့် ကိုဗစ်-၁၉  တိုက်ဖျက်ရေးကြိုးပမ်းဖို့ကိစ္စတွေလည်း  ဆွေးနွေးခဲ့ကြပါတယ်။ 

3 days Ago

April 17, 2021

တောင်ကိုရီးယားရောက်မြန်မာများ ကချင်စစ်ဘေးရှောင်များအတွက် အလှူခံပေးနေ

တောင်ကိုရီးယားနိူင်ငံ Ulsan အူဆန်မြို့မှာ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့က ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေက ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက် အလှူခံပေးနေကြပါတယ်။

အူဆန်မြို့က နိုင်ငံခြားအလုပ်သမားကူညီရေးစင်တာမှ ကိုရီးယားတွေ၊ အူဆန်တက္ကသိုလ်က ကျောင်းသားတွေ၊ ပြည်ပရောက်မြန်မာစုပေါင်းပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ စစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေသလို စစ်ဘေးရှောင်တွေအတွက်ပါ အလှူခံပေးနေတာလို့ ပါဝင်သူ ၁ ဦးက ပြောပါတယ်။

အလှူခံလို့ ရရှိလာတဲ့ ငွေတွေကိုတော့  ပဲခူးမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေ၊ စစ်ဘေးရှောင်နဲ့ နေရာအနှံ့ လှူဒါန်းတာတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

2 months Ago

တောင်ကိုရီးယားရောက်မြန်မာများ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

တောင်ကိုရီးယားနိူင်ငံ Ulsan (အူဆန်မြို့) မှာ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

အူဆန်မြို့က နိုင်ငံခြား အလုပ်သမားကူညီရေးစင်တာက ကိုရီးယားတွေ၊ အူဆန် တက္ကသိုလ်က ကျောင်းသားတွေနဲ့ မြန်မာနိုင်ငံသာ‌းတွေ စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာလို့ ပါဝင်သူတဦးက ပြောပါတယ်။

တောင်ကိုရီးယားနိူင်ငံ အူဆန်မြို့မှာ မြန်မာနိုင်ငံသားတွေ စုပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ စစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

2 months Ago
More News
Up