တောင်ကိုရီးယာနှင့်အမေရိကန်

July 9, 2020

တောင်ကိုရီးယာနှင့်အမေရိကန် ကိုရီးယားကျွန်းဆွယ်အရေး ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီး စတက်ဖန်-ဘီဂန်နဲ့တောင်ကိုရီးယား  ထိပ်တန်းလုံခြုံရေး အကြံပေးတို့ ဇူလိုင်လ ၉ ရက်က  အစည်းဝေးလုပ်ခဲ့ပါတယ်။   အမေရိကန်ဒုဝန်ကြီး  ဘီဂန်ဟာ   ဂျပန်ကို မသွားရောက်ခင် တောင်ကိုရီးယားလုံခြုံရေး အကြံပေးနဲ့တွေ့ဆုံတာဖြစ်ပြီး  သူ့ခရီးစဉ်မှာ ကြန့်ကြာနေတဲ့  မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ က အရိပ်မည်းထိုးနေပါတယ်။  ဘီဂန်ဟာ   ထောက်လှမ်းရေးအကြီးအကဲဟောင်း တဦးဖြစ်တဲ့ ဆူဟွန်းနဲ့ တွေ့ဆုံပြီး  မကြာသေးခင်က မြောက်ကိုရီးယားလှုပ်ရှားမှုနဲ့  ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး ရစေမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့  တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။  မြောက်ကိုရီးယားနဲ့ဆွေးနွေးပွဲ ပြန်စဖို့ ကြိုးပမ်းတဲ့ အမေရိကန်ရဲ့ အားထုတ်မှုကို အလွန်လေးစားပါတယ်လို့လည်း ထိပ်တန်းလုံခြုံရေးအကြံပေး ဆူဟွန်းက  ပြောခဲ့ပါတယ်။   မြောက်ကိုရီးယားခေါင်းဆောင်နဲ့ နောက်တစ်ကြိမ်ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ လမ်းဖွင့်ထား တယ်ဆိုပြီး ဒီသတင်းပတ်မှာ  အမေရိကန်သမ္မတ ထရမ့်က ပြောဆိုထားပေမယ့်  မြောက်ကိုရီးယားကတော့ အမေရိကန်နဲ့ ထပ်မံဆွေးနွေးဖို့ ရည်ရွယ်ချက် မရှိဘူးဆိုပြီး ပြောဆိုခဲ့ ပါတယ်။   
10 months Ago
Up