တောင်ကိုရီးယားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် ကုသရေးစင်တာတွေမှာ ထားရှိတဲ့ မဲရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေ ဧပြီလ ၁၁ ရက်မှာ လာရောက်မဲပေးခဲ့ပါတယ်။
ဧပြီ ၁၅ ရက် လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ရာဒေသတွေက ကုသရေးစင်တာတွေမှာ ကုသမှုခံယူနေတဲ့ လူနာ သုံးထောင်ကျော်နဲ့ ဆေးဘက်ဝန်ထမ်း ကိုးရာအတွက် မဲရုံ ရှစ်ခုကို ထားရှိပေးခဲ့ပါတယ်။
ဒီလိုထားတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် လူနာတွေဟာ ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက် နှစ်ရက်စလုံး မဲပေးနိုင်ပြီး စောစောမဲပေးတာက ရွေးကောက်ပွဲနေ့မှာ မဲပေးသူ အရေအတွက်ကို လျှော့ချစေ နိုင်တယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်ကြပါတယ်။
နောက်ပြီး ဆန္ဒမဲပေးသူ အားလုံး နှာခေါင်းစည်းတပ်၊ လက်သန့်ဆေးရည်သုံးပြီး ပလတ်စတစ်လက်အိတ်တွေ ဝတ်ထားရပါတယ်။
အခုလုပ်တဲ့ ရွေးကောက်ပွဲဟာ လွှတ်တော်အပေါ် ထိန်းချုပ်နိုင်မှုကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပြီး သမ္မတ မွန်ဂျေအင်းရဲ့လက်ကျန် သက်တမ်း ၂ နှစ်အတွင်း သူရဲ့ အစီအစဉ် အကောင်ထည်ဖော်နိုင်စွမ်းကို ပုံဖော်ပေးမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago