တောင်ကယ်လီဖိုးနီးယားပြည်နယ်

October 23, 2019

တောင်ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးအကြီးအကျယ်လောင်နေ 

အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်လီဖိုးနီးယားပြည်နယ် ပစိဖိတ် ပဲယ်လီဆေ့ဒ်ဒေသမှာ အောက်တိုဘာ ၂၁ ရက်က တောမီးအကြီးအကျယ်လောင်နေပြီး နေအိမ်တွေကို ကူးစက်နိုင်တဲ့ အန္တရာယ်များနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားရပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ရဟတ်ယာဉ်တွေနဲ့ ဝေဟင်ကနေ ရေတွေ အကြိမ်ကြိမ် လောင်းချနေပြီး မြေပြင်တပ်ဖွဲ့တွေကလည်း မီးသတ်ပိုက်တွေနဲ့ ငြှိမ်းသတ်နေကြပါတယ်။   နေအိမ်တွေနဲ့ ကပ်လျက်ရှိတဲ့ တောင်ကုန်းမှာ တောမီးတွေလောင်နေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ လက်ရှိအချိန်ထိတော့ တောမီးကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိသေးပါဘူး။ ပစိဖိတ် ပဲယ်လီဆေ့ဒ်ဒေသဟာ ဆန်တာမိုနီကာမြို့နဲ့ မာလီဘူမြို့ကြားမှာ တည်ရှိပြီး လော့စ်အန်ဂျလိစ်မြို့ကနေ ၁၈ မိုင်အကွာမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်ကလည်း လော့စ်အန်ဂျလိစ့် မြောက်ဘက် အစွန်ပိုင်းတလျှောက် မြေဧက ၈၀၀၀ လောက်မှာ တောမီးလောင်ခဲ့ပါသေးတယ်။ အဲဒီတောမီးကြောင့် ဒါဇင်နဲ့ချီတဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး နေအိမ်ပေါင်း ၂၃၀၀၀ ကျော်က  မိသားစုတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။
2 years Ago
Up