တကျော့ပြန်ဘောလုံးသမားအဖြစ် ခံစားရကြောင်း ဒီယေဂိုကော်စတာ ပြော

January 5, 2018

တကျော့ပြန်ဘောလုံးသမားအဖြစ် ခံစားရကြောင်း ဒီယေဂိုကော်စတာ ပြော

စပိန်​ကိုပါဒယ်​​ရေးပြိုင်​ပွဲမှာ ဂိုးစတင်​သွင်းယူနိုင်​ခဲ့တဲ့ ဒီ​ယေဂို​ကော်​စတာက သူ့အ​နေနဲ့ တ​ကျော့ပြန်​​ ဘောလုံးသမားအဖြစ်​ ခံစားရ​ကြောင်း ထုတ်​​ဖော်​​ပြောကြားခဲ့ပါတယ်​။ ​ကော်​စတာဟာ ဇန်နဝါရီ ၄ ရက်နေ့က ယှဉ်ပြိုင်တဲ့ စပိန်ကိုပါဒယ်ရေးပြိုင်ပွဲအဖြစ် လိုင်​ဒါအက်​စ်​​ပေါ်တူအသင်းကို အ​ဝေးကွင်းမှာ ၄ ဂိုးပြတ်​ အနိုင်​ရခဲ့တဲ့ပွဲစဉ်​မှာ လူစားဝင်​ပြီး ၅ မိနစ်​အတွင်းမှာပဲ ဂိုးသွင်းယူနိုင်​ခဲ့တာပါ။ ကော်​စတာဟာ ပြီးခဲ့တဲ့ အက်​ဖ်​​အေဖလားဖိုင်​နယ်​ အာဆင်​နယ်​အသင်းနဲ့ပွဲစဉ်​မှာ ​ဘောလုံး​ နောက်​ဆုံးကစားခဲ့တာဖြစ်​ပြီး​ အသင်း​ဟောင်း အက်​သလက်​တီကိုအသင်းကို ပြန်​လည်​ ​ပြောင်း​ရွှေ့ခဲ့တာ ဖြစ်​ပါတယ်​။ ကော်​စတာဟာ ချဲလ်​ဆီးအသင်းမှာ​ ခြေစွမ်းပြကစားခဲ့​ပေမယ့် ဆက်​ဆံ​ရေးပိုင်းမှာ အဆင်​မ​ပြေမှု​တွေ ရှိတာ​ကြောင့် အသင်း​ဟောင်းကို ပြန်​လည်​​ပြောင်း​ရွှေ့ခဲ့တာပါ။ေ​ကာ်​စတာက အက်​သလက်​တီကိုအသင်းဟာ သူ့အတွက်​ အ​ရေးပါပြီး အရမ်းလည်း​ ပျော်​ရွှင်​​နေရသလို ​ဘောလုံးပြန်​ကစားတဲ့အချိန်​မှာပဲ ဂိုးသွင်းနိုင်​ခဲ့တာ တကယ့်ကို ​ကောင်းလွန်းပါတယ်​လို့ ပြောကြားခဲ့ပါတယ်​။
4 years Ago
Up