တူးတူး

April 7, 2021

ဝါရင့်အဆိုတော် တူးတူး၊ နာမည်ကြီးမော်ဒယ် ပိုင်တံခွန်အပါအဝင် နောက်ထပ် အယောက် ၂၀ ကို အမှုဖွင့်

ဝါရင့်အဆိုတော် တူးတူး၊ နာမည်ကြီးမော်ဒယ် ပိုင်တံခွန်တို့အပါအဝင် ပြည်သူဘက်က ရပ်တည်ကူညီပေးနေတဲ့ နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မီဒီယာတွေက ဧပြီ ၇ ရက်ညမှာ ထပ်မံ ကြေညာပါတယ်။
အမှုဖွင့်ခံထားရသူတွေအထဲမှာ တူးတူး(ခ) မင်းကျော်သူ ၊ ထက်ရှိုင်းအောင်၊ နီနီမိုး၊ သွန်းနေစိုး၊ စုစုလှိုင်၊ စောချမ်းအေး (သော်ဇင်ဝင်း) ၊ ဇော်လင်း၊ သာနိုးဝေ၊ ရဲဝင့်သူ၊ အာကာဟိန်း၊ ပိုင်တံခွန်(ခ) စစ်ကိုပိုင်၊ လှိုင်မင်းဦး၊ စည်သူအောင်၊ ခင်စန်းရွှေ၊ ဖြိုးသိင်္ဂီကျော်၊ အေးမင်းခန့်ထွန်း၊ ရဲလင်းဗိုလ်၊ သုတကျော်၊တင်မာအေး၊ အောင်အောင်ဦးတို့ ပါဝင်ပါတယ်။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၁၀၀ လောက် ရှိသွားပြီဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ Beauty Blogger မဝင်းမင်းသန်းကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မနေ့က ဖမ်းဆီးခဲ့ပါတယ်။

Photo- Credit

1 week Ago

February 19, 2018

တူးတူး နှင့် ဆိုရိုကင်တို့ လက်ဝှေ့ပြိုင်ပွဲတွင် ဒိုင်ဆုံးဖြတ်ချက်မမှားဟု ရှင်းလင်း

အငြင်းပွားနေတဲ့ WLC - 4 ပွဲနဲ့ ပတ်သက်ပြီး ဒိုင်ဆုံးဖြတ်ချက် မမှားကြောင်းနဲ့ ပွဲရလဒ်ကို မပြင်ဘူးလို့ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံမှာ ပြုလုပ်တဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံကာကွယ်ပွဲ WLC-4 လက်ဝှေ့ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ တူးတူး (မြန်မာ) နဲ့ စိန်ခေါ်သူ ဆိုရိုကင်(ယူကရိန်း) တို့ ထိုးသတ်ခဲ့ကြတာပါ။ အဲဒီပွဲစဉ်မှာ ချန်​ပီယံတူးတူးဟာ စိန်​​ခေါ်သူ ယူကရိန်းနိုင်​ငံသား ဆိုရိုကင်​ကို အသာစီးမထိုးသတ်​နိုင်​ခဲ့​ပေမယ့် ဒိုင် ၃ ဦးရဲ့ ဆုံးဖြတ်​ချက်​အရ အနိုင်ပေးခဲ့တဲ့အတွက် လူမှုကွန်ရက်တွေပေါ်မှာ အငြင်းပွားမှု ဖြစ်ပေါ်နေတာပါ။ ဒါကြောင့် ဒီနေ့ ညနေပိုင်းက ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ရုံးမှာ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ခုံဒိုင်အဖွဲ့တွေပါတဲ့ ဘုတ်အဖွဲ့နဲ့ ပြန်သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပွဲစဉ်ကို ဗွီဒီယိုပြကွက်တွေနဲ့  အပိုင်းလိုက် အသေးစိတ် ပြန်ကြည့်ရာမှာ ဘယ်သူကမှ လက်ရည်အပြတ်အသတ်မကွာသလို၊ ထိုးချက်၊ ထိချက်လည်း မကွာတာ တွေ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တူးတူးက စတုတ္ထအချီနဲ့ ပဉ္စမအချီတွေမှာ ဦးဆောင်လိုက်လံထိုးသတ်နိုင်ခဲ့ပြီး ဆိုရိုကင်က ခံစစ်အသွင်နဲ့ပဲ ထိုးသတ်ခဲ့လို့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက် မမှားဘူးလို့ ဆိုပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ဘယ်အားကစားပြိုင်ပွဲမှာမဆို ပွဲရလဒ် ဆုံးဖြတ်ချက်ကို ပြောင်းလဲပြင်ဆင်တာ မရှိသလို ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အနေနဲ့လည်း မပြောင်းလဲဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။
3 years Ago
Up