တူရန်

June 8, 2017

တူရကီလက်ရွေးစင်အဖြစ်မှ အနားယူပြီဟု ဘာကာကွင်းလယ်လူ တူရန် ကြေညာ

ဘာစီလိုနာအသင်းရဲ့ အသက် ၃၀ အရွယ် ကွင်းလယ်လူ တူရန်ဟာ တူရကီလက်ရွေးစင်ကစားသမားဘဝမှ အနားယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်ကစပြီး တူရကီလက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး နိုင်ငံအသင်းမှာ ပွဲပေါင်း ၉၇ ပွဲကစားပြီး ၁၇ ဂိုး သွင်းပေးထားသူဖြစ်ပါတယ်။ ယူရို ၂၀၀၈ မှာ တူရကီအသင်း တတိယရခဲ့စဉ်ကလည်း ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်မှာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ် အသင်းကနေ ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး ၃၆ ပွဲကစား ၅ ဂိုး သွင်းပေးထားပါတယ်။
4 years Ago
Up