တူရကီ အထပ်မြင့်ဆေးရုံ မီးလောင်

April 6, 2018

တူရကီ အထပ်မြင့်ဆေးရုံ မီးလောင်၊ လူနာ ၇၀ ကျော် အရေးပေါ် ရွှေ့ပြောင်း

  ဧပြီလ ၅ ရက်နေ့က တူရကီနိုင်ငံ မြို့တော်အစ္စတန်ဘူလ်ရှိ အထပ်မြင့်ဆေးရုံတခုမှာ မီးလောင်မှုကြောင့် လူနာ ၇၀ လောက်ကို အရေးပေါ်နေရာ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဂါဇီယိုစမန်ပါရှာ့တပ်ဆင် ပညာရေးနဲ့သုတေသနဆေးရုံ အဆောက်အဦ ဘေးဘက်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပေမယ့် ဆေးရုံထဲအထိ မရောက်ခင် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မီးစတင်လောင်ချိန်မှာပဲ မီးသတ်ကား ၃၅ စီးနဲ့အတူ မီးသတ်သမား ၁၂၀ လောက် ရောက်လာပြီး ကြိုးစားငြှိမ်းသတ်ခဲ့တာကြောင့် မီးကို ထိန်းချုပ်နိုင်ခဲ့တာလို့ သူက ဆိုပါတယ်။ အစ္စတန်လ်ဘူ မီးသတ်ဌာနအကြီးအကဲကလည်း အထူးကုသဆောင်မှာ တာဝန်ကျနေတဲ့ ဆရာဝန်တွေက မီးသတ်သမားတွေကို ကူညီခဲ့တဲ့အတွက် လူနာဆောင်တွေဆီ မီးမကူးခင် ငြှိမ်းသတ်နိုင်ခဲ့တာလို့ ရှင်းပြခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up