တူရကီနိုင်ငံက အစ္စတန်ဘူလ်မြို့လယ်က သမိုင်းဝင် ဆူလ်တန်နာမက် ရင်ပြင်မှာ ပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။
ဒီနေရာဟာ နိုင်ငံခြားသား ခရီးသွားတွေအတွက် လူသိများ ထင်ရှားတဲ့နေရာ ဖြစ်တဲ့အတွက် သေဆုံးသူတွေ ရှိနိုင်တယ်လို့ တူရကီသတင်းဌာနကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေက ရေးပါတယ်။
ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကားတွေ ဒီနေရာ ရောက်ရှိနေတာကို သတင်းတွေမှာ ဖော်ပြပါတယ်။
သေဆုံးသူအရေအတွက်နဲ့ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို သတင်းတွေမှာတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။
ပေါက်ကွဲတဲ့ အကြောင်းအရင်းကို မသိရသေးပေမယ့် နောက်ထပ်ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ရဲတပ်ဖွဲ့တွေက လူတွေကို ကာကွယ်ဖို့ ကြိုးစားနေတယ်လို့ သတင်းက ဖော်ပြပါတယ်။
7 years Ago