တူရကီ ဂုဏ်ပြု

November 9, 2020

ခါရာဘတ်ဒေသ ဒုတိယအကြီးဆုံးမြို့ကို သိမ်းယူခဲ့သည့် အဇာဘိုင်ဂျန်ကို တူရကီ ဂုဏ်ပြု

နာဂေါ်နို-ခါရာဘတ်ဒေသရဲ့ ဒုတိယအကြီးဆုံး ရှူရှာမြို့ကို သိမ်းပိုက်မှုအတွက် တူရကီ သမ္မတ တေယစ်အာဒိုဝမ်က အဇာဘိုင်ဂျန်ကို  ဂုဏ်ပြုလိုက်ပါတယ်။  မကြာခင်မှာ သိမ်းပိုက်ခံ ကျန်နယ်မြေတွေလည်း လွတ်မြောက်မယ် ယုံကြည်တယ်လို့ တူရကီအနောက်မြောက်ပိုင်း ခိုချေလီပြည်နယ်မှာ အာဒိုဝမ်က လူအုပ်ကြီးကို ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၈ ရက် အစောပိုင်းမှာပဲ အဇာဘိုင်ဂျန်သမ္မတက ရှူရှာမြို့ကို သိမ်းပိုက်လိုက်တယ်လို့ ကြေညာခဲ့ပေမဲ့ အာမေးနီးယားအရာရှိတွေကတော့ ငြင်းဆိုပါတယ်။ အာမေးနီးယန်းတွေက ရှူရှီလို့ခေါ်ဆိုတဲ့ ရှူရှာမြို့ဟာ နှစ်နိုင်ငံစလုံးရဲ့ ယဉ်ကျေးမှုနဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့နေရာဖြစ်ပြီး စဖန်နာကတ်မြို့က ၉ မိုင်အကွာမှာ တည်ရှိပါတယ်။ နာဂေါ်နို-ခါရာဘတ်ဒေသမှာ သီတင်း ၆ ပတ်ကြာ အဇာဘိုင်ဂျန်နဲ့  အာမေးနီးယားတို့  နှစ်ဖက်တိုက်ခိုက်မှုအတွင်း လူ ၁၀၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up