နှစ်သစ်ကူးနေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ နိုက်ကလပ်တခုမှာ လူ ၃၉ ဦးကို သတ်ဖြတ်ခဲ့သူ သေနတ်သမား အပါအဝင် လူ ၅ ဦးကို တူရကီရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၇ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
အဓိကတရားခံအဖြစ် သံသယရှိသူ သေနတ်သမားကို ဖမ်းဆီးတဲ့ ဗွီဒီယိုမှတ်တမ်းခွေကို တူရကီသတင်းဌာန ဒီအိတ်ခ်ျကေက ထုတ်လွှင့်ပြသခဲ့ပါတယ်။
အဘူမူဟာမက်ဟိုရာစနီလို့ အမည်ပေးထားတဲ့ သေနတ်သမားဟာ ၄ နှစ်အရွယ် သားငယ်နဲ့အတူ အစ္စတန်ဘူလ်မြို့ နေအိမ်တခုမှာ ပုန်းအောင်နေစဉ် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သူနဲ့အတူ အခြား ၄ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ သူဟာ မူလက ဥဇဘက်ကစ္စတန်နိုင်ငံသားဖြစ်ပြီး လက်ရှိ တူရကီမှာ နေထိုင်သူဖြစ်ပါတယ်။
သေနတ်သမား ဟိုရာစနီဟာ ဇန်န၀ါရီ ၁ ရက်နေ့က အစ္စတန်ဘူလ်မြို့ရှိ ရိုင်းနား နိုက်ကလပ်ကို ရောက်ရှိလာပြီး မြင်မြင်သမျှကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအတွက် လူ ၃၉ ဦးသေဆုံးပြီး အတော်များများ ဒဏ်ရာရရှိခဲ့ကြောင်း ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
6 years Ago