တူရကီအသင်း

October 16, 2019

စစ်တပ် အလေးပြုသည့် ပုံစံ အောင်ပွဲခံခဲ့သည့် တူရကီအသင်း အရေးယူခံရမည်

ပြင်သစ်နဲ့ပွဲမှာ နောက်ကျချေပဂိုး သွင်းယူပြီးနောက် စစ်တပ်က အလေးပြုတဲ့ ပုံစံ အောင်ပွဲခံခဲ့တဲ့ တူရကီအသင်းကို ဥရောပဘောလုံးအဖွဲ့ချုပ်က အရေးယူဖို့ ရှိနေပါတယ်။ တူရကီအသင်းဟာ ကမ္ဘာ့ဖလားဥရောပဇုန် အုပ်စုပွဲစဉ်မှာ အဓိက ပြိုင်ဘက် ပြင်သစ်ကို အဝေးကွင်းမှာ ဦးဆောင်ဂိုး အရင်ပေးလိုက်ရပေမယ့် ပွဲချိန် ၈၂ မိနစ်မှာ ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။ အဲဒီဂိုးကြောင့် ပြင်သစ်နဲ့ ရမှတ်တူညီသွားပြီး ထိပ်တိုက်တွေ့ဆုံမှုအရ အုပ်စု ပထမ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ချေပဂိုးသွင်းယူအပြီးမှာ တူရကီက စားသမားတွေဟာ အလေးပြုပြီး အောင်ပွဲခံခဲ့ကြပြီး နိုင်ငံရေးနဲ့ ဆက်နွှယ်မှုရှိတဲ့ အခြေအနေ ဖြစ်တာကြောင့် အရေးယူခံရဖို့ ရှိနေတာပါ။ တူရကီ တိုက်စစ်မှူး တူဆန်ကတော့ အဲဒီလို အလေးပြု အောင်ပွဲခံခဲ့တာဟာ  နိုင်ငံအတွက် အသက်ပေး စွန့်စားနေတဲ့ မိမိတို့ နိုင်ငံသားတွေအတွက် ဖြစ်တယ်လို့ အင်စတာဂရမ်ကနေ ရေးသားခဲ့ပါတယ်‌ေ တူရကီ စစ်တပ်ဟာ ဆီးရီးယားမြောက်ပိုင်းမှာ ကာ့ဒ်သူပုန်တွေနဲ့ တိုက်ပွဲဖြစ်နေတာ ဖြစ်ပြီး ပြင်သစ် သမ္မတ အီမန်နူရယ် မက်ရွန်က တူရကီတပ်တွေကို ဝေဖန်ထားတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်နဲ့ တူရကီ ပွဲစဉ်မှာ အလေးပြုတဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့မှုအပေါ်မှာ ဥရောပ ဘောလုံးအဖွဲ့ချုပ်က စုံးစမ်းစစ်ဆေးသွားဖို့ရှိတယ်လို့ သိရပါတယ်။  တူရကီအသင်းဟာ အယ်လ်ဘေးလ်နီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း အလားတူ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up