တူရကီသံတမန်

A d v e r t i s e m e n t With Us

July 18, 2019

အီရတ်တွင် တူရကီသံတမန် အပါအဝင် ၂ ဦး ပစ်သတ်ခံရ

အီရတ်မြောက်ပိုင်း ကာ့ဒ်ဒေသမြို့တော်မှာ ဇူလိုင် ၁၇ ရက်နေ့က တူရကီသံတမန်နဲ့ တခြားလူတဦး ပစ်သတ်ခံရတယ်လို့ ဒေသလုံခြုံရေး တာဝန်ရှိသူတွေနဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အာဘီမြို့ စားသောက်ဆိုင်တခုမှာ တူရကီသံတမန်တွေ နေ့လယ်စာ စားနေတုန်း သေနတ်သမားတယောက် ကားနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မျက်မြင်တယောက်က ပြောပါတယ်။ ဒီပစ်ခတ်မှုကို တူရကီ၊ အီရတ်အစိုးရနဲ့ အာဘီမြို့ ကာ့ဒ်ဒေသ အာဏာပိုင်တွေက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒါဟာ အီရတ်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ ကာ့ဒ်ခွဲထွက်ရေး ဝါဒီတွေကို တူရကီအစိုးရက ထိုးစစ်သစ် ဆင်နွှဲပြီး သီတင်းပတ်အကြာမှာ အခုပစ်ခတ်မှုကို ပြစ်တင်ရှုတ်ချလိုက်တာပါ။ တူရကီ နိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက တိုက်ခိုက်သူတွေကို ဖမ်းမိဖို့နဲ့ ကြိုးကိုင်သူကို ဖော်ထုတ်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။
2 years Ago
Up