တူရကီသမ္မတ

November 11, 2018

ဆော်ဒီသတင်းထောက်နှင့် ပတ်သက်သည့် အသံဖိုင်များ ပေးပို့ပြီးဟု တူရကီသမ္မတ ပြော

အသတ်ခံရတဲ့ ဆော်ဒီသတင်းထောက် ဂျမဲလ်ခါရွှန်းအီနဲ့ ပတ်သက်တဲ့ အသံမှတ်တမ်းတွေကို တူရကီအစိုးရ က ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေဆီ ပေးပြီးပြီလို့ တူရကီ သမ္မတ တေယစ်အာဒိုဂံက နိုဝင်ဘာ ၁၀ က်ေနေ့မှာ ပြောလိုက်ပါတယ်။ သတင်းထောက် အသတ်ခံရမှုမှာ ဆော်ဒီအစိုးရကို နိုင်ငံတကာ ဖိအားတွေ ဆက်ထားတာ သေချာစေဖို့ ခုလို လုပ်တာပါ။ အသံမှတ်တမ်းတွေက ဘာတွေလဲဆိုတဲ့ အသေးစိတ်ကို အာဒိုဂံက မပြောပါဘူး။ ဒါပေမယ့် ဒီအရေးကိုသိတဲ့ သတင်းရင်းမြစ် ၂ ရပ်ကတော့ တူရကီအစိုးရဆီမှာ အသံမှတ်တမ်း အတော်များများ ရှိနေတယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ဆော်ဒီ အိမ်ရှေ့စံကို ဝေဖန်သူ ခါရွှန်းအီဟာ တူရကီနိုင်ငံ အစ္စတန်ဘူမြို့က ဆော်ဒီ ကောင်စစ်ဝန်ရုံးမှာ အရင်လက အသတ်ခံခဲ့ရတာပါ။ ဒါဟာ ဆော်ဒီအစိုးရရဲ့ အဆင့်မြင့်ဆုံး အရာရှိတွေဆီက အမိန့်အရ အသတ်ခံရတာလို့ အာဒိုဂံက ပြောပါတယ်။ သတင်းထောက် အသတ်ခံရမှုကြောင့် နိုင်ငံတကာက ဝေဖန်ခဲ့ပေမယ့် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ခိုင်ခိုင်လုံလုံ အရေးယူတာတော့ နည်းပါတယ်။ ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့တဲ့နိုင်ငံ ဆော်ဒီဟာ အရှေ့အလယ်ပိုင်းမှာ အီရန်သြဇာကို ထိန်းချုပ်မယ့် အမေရိကန် အစိုးရရဲ့ စီမံကိန်းတွေကို ထောက်ခံသူလည်း ဖြစ်ပါတယ်။
2 years Ago

September 29, 2018

ဂျာမနီရောက် တူရကီသမ္မတကို လူထောင်ချီ ဆန္ဒပြ

ဂျာမနီနိုင်ငံကို ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အနေနဲ့ အလည်အပတ်ရောက်နေတဲ့ တူရကီသမ္မတ အာဒိုဝမ်ကို ထောင်နဲ့ချီတဲ့အာဒိုဝမ်ကို ဆန့်ကျင်သူတွေက ဘာလင်မြို့မှာ စက်တင်ဘာလ ၂၈ ရက်တုန်းက ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကတော့ သမ္မတ အာဒိုဝမ်ဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ဆန့်ကျင်သူဖြစ်တယ်၊ ဂျာမနီအနေနဲ့ ဒီလိုအာဏာရှင်တဦးကို မထောက်ခံသင့်ဘူးလို့ ပြောပါတယ်။ ဒါ့ပြင် အာဒိုဝမ်နဲ့ ဘာသဘောတူညီချက်မှ မလုပ်ပါနဲ့၊ ဆီးရီးယားဒေသဖြစ်တဲ့ အာဖရင်ကို ရည်ညွှန်းပြီး အာဖရင်နဲ့ တသားတည်းရှိတယ်ဆိုတဲ့ ဆောင်ပုဒ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။ အဲဒီအစောပိုင်းတုန်းကတော့ သမ္မတအာဒိုဝမ်ဟာ တူရကီကို အီးယူအဖွဲ့ဝင် ဖြစ်လာနိုင်ရေး ဂျာမနီ အဓိပတိ အန်ခလာမာကယ်နဲ့ တွေ့ဆုံဆွေးနွေးထားတယ်လို့ ဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ တူရကီမှာ ၂၀၁၆ ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုကို နှိမ်နင်းမှုတွေကြောင့် တူရကီနဲ့ ဂျာမနီကြား ဆက်ဆံရေး ယိုယွင်းခဲ့ပြီး သမ္မတအာဒိုဝမ်ရဲ့ ဂျာမနီခရီးစဉ်ဟာ ဒီဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့ ရည်ရွယ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up