တူရကီလွှတ်တော်

A d v e r t i s e m e n t With Us

March 14, 2018

တူရကီလွှတ်တော်အတွင်း လွှတ်တော်အမတ်များ အပြန်အလှန် ထိုးကြိတ် (ရုပ်သံ)

တူရကီလွှတ်တော်မှာ မတ်လ ၁၃ ရက်နေ့က အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲဥပဒေတရပ် အတည်ပြုခဲ့ပြီးနောက် ထောက်ခံသူနဲ့ ကန့်ကွက်သူ လွှတ်တော်အမတ်တွေကြား အပြန်အလှန် ထိုးကြိတ်ခဲ့ကြပါတယ်။ လွှတ်တော်ဒု-ဥက္ကဋ္ဌက မဲခွဲဆုံးဖြတ်တဲ့ရလဒ်ကို ကြေညာခဲ့ပြီးနောက်မှာ လွှတ်တော်ခန်းမအတွင်း အခုလို ဖြစ်ပွားခဲ့တာပါ။ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကို အာဏာရ AKP ပါတီနဲ့ အမျိုးသားရေးဝါဒီ MHP ပါတီတို့က ထောက်ခံပေမယ့် အတိုက်အခံပါတီတွေကတော့ အလွယ်တကူ မဲလိမ်နိုင်တဲ့ အခွင့်အလမ်း ရှိနေလို့ ကန့်ကွက်ကြပါတယ်။ အတည်ပြုလိုက်တဲ့ ရွေးကောက်ပွဲဥပဒေ မဲပေးစနစ်မှာ ရွေးကောက်ပွဲအတွက် မြို့နယ်တွေကို ပေါင်းနိုင်ပြီး မဲပုံးတွေကိုလည်း တခြားမြို့နယ်ကို ရွှေ့ပြောင်းခွင့် ပြုထားပါတယ်။ လုံခြုံရေးအဖွဲ့ဝင်တွေကို မဲပေးသူရဲ့ ဖိတ်ကြားချက်အရ မဲရုံထဲ ဝင်ခွင့်ရနေတာကလည်း မဲရေတွက်ရာမှာ ပွင့်လင်းမြင်သာမှုကို အားနည်းစေတယ်လို့ အတိုက်အခံပါတီတွေက ဝေဖန်ထားတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

May 3, 2016

တူရကီလွှတ်တော်အတွင်းမှ ရန်ပွဲ (ရုပ်သံ)

တူရကီနိုင်ငံက လက်ရှိအာဏာရ အေကေပါတီနဲ့ ကာဒစ်ရှ်လိုလားတဲ့ အတိုက်အခံပါတီ အိတ်ခ်ျဒီပီတို့ မေလ ၂ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အတွင်း အခြေခံဥပဒေကော်မရှင် အစည်းအဝေးမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုကြောင့် လွှတ်တော် အစည်းအဝေးကို မေလ ၅ ရက်နေ့ ရွှေ့ဆိုင်းလိုက်ပါတယ်။ လွှတ်တော်အမတ်တွေ တရားစွဲခံရမှု ကင်းလွတ်ခွင့်ကို ပယ်ဖျက်ရေး အဆိုပြုချက်ကို ဆွေးနွေးနေချိန်မှာ ခုလိုဖြစ်တာပါ။ လွှတ်တော်အမတ်တွေဟာ ဆွေးနွေးမှု အရှိန်တက်လာချိန်မှာ တဦးကိုတဦး ရေပုလင်းတွေနဲ့ ပစ်ပေါက်တာ၊ ထိုးကြိတ်တာ၊ တွန်းတိုက်တာတွေ လုပ်ခဲ့ကြပြီး တချို့က ရန်ပွဲမှာ ဝင်ပါဖို့ စားပွဲခုံတွေပေါ်ကို ခုန်တက်ခဲ့ကြပါတယ်။ ကော်မရှင်ဥက္ကဋ္ဌနဲ့ အေကေပါတီ ဒု-ခေါင်းဆောင် မူစတာဖာ စံတော့ပ်က အစည်းအဝေးကို ပြန်မစခင် လွှတ်တော်အမတ်တွေ စိတ်ပြေအောင် ခဏနားခွင့် ပေးခဲ့ပါတယ်။ ကျန်ခဲ့တဲ့ သီတင်းပတ်ကလဲ အေကေပါတီနဲ့ အိတ်ခ်ျဒီပီပါတီတို့ကြား ရန်ပွဲကြောင့် ဥရောပသမဂ္ဂ္ဂအတွင်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ သဘောတူညီချက်ကို ဥပဒေပြုရေး အားထုတ်မှုတွေ နှောင့်နှေးခဲ့ရပါတယ်။
5 years Ago
Up