တူရကီပင်လယ်အတွင်း ကုန်သင်္ဘောတစီး ထက်ခြမ်းကွဲ

August 28, 2017

တူရကီပင်လယ်အတွင်း ကုန်သင်္ဘောတစီး ထက်ခြမ်းကွဲ

တူရကီနိုင်ငံ အနောက်မြောက် ကမ်းရိုးတန်းက ပင်လယ်နက်ထဲမှာ ကုန်သင်္ဘောတစီး ထက်ခြမ်းကွဲခဲ့တယ်လို့ တူရကီရဲ့ ကက်ပ်တန်သတင်းဌာနက သြဂုတ် ၂၇ ရက် အစောပိုင်းက အစီရင်ခံပါတယ်။ သင်္ဘောသား ၁၁ ဦးကို ကယ်ဆယ်ခဲ့ရတယ်၊ မွန်ဂိုလီးယားအလံ လွှင့်ထူထားပြီး ၁၁၄ မီတာ ရှည်တဲ့ လီယိုနာဒိုအမည်ရ ကုန်သင်္ဘောဟာ အစ္စတန်ဘူလ်မြို့ ကီယို့စ် ကမ်းရိုးတန်းမှာ ကျောက်ဆူးနုတ်ချိန် ကောက်ကွေးလာရာက ထက်ခြမ်းကွဲခဲ့တာလို့ သတင်းဌာနက ဖော်ပြပါတယ်။ သင်္ဘောတဝက်ကို ဆွဲသင်္ဘောနဲ့ ကမ်းခြေကို ယူလာခဲ့ပြီး ကျန်တဲ့တဝက်ကတော့ တဖြည်းဖြည်း ရေထဲနစ်နေဆဲပါ။ ၁၉၇၅ ခုနှစ်က တည်ဆောက်ထားတဲ့ သင်္ဘောဟာ ပြင်ဆင်မွမ်းမံဖို့ အစ္စတန်ဘူလ်မြို့က တက်ဇ်လာသင်္ဘောကျင်းကို သွားနေရင်း ခုလိုဖြစ်တာလို့ တူရကီမီဒီယာက အစီရင်ခံပါတယ်။
4 years Ago
Up