တူရကီနိုင်ငံခြားရေးဝန်ကြီ

January 26, 2020

ရုရှား၏လေကြောင်းရန်ကာကွယ်ရေးစနစ် ခြိမ်းခြောက်မှုမဖြစ်ဟု တူရကီပြော

ရုရှားရဲ့ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ နေတိုးအတွက်ရော နေတိုးနဲ့ မဟာမိတ်တွေအတွက်ပါ ဘယ်လို ခြိမ်းခြောက်မှုမှ ဖြစ်စေမှာ မဟုတ်ဘူးလို့ တူရကီနိုင်ငံခြားရေးဝန်ကြီး မယ်ဗလစ်ရှာဘူရှိုဂလူက ပြောလိုက်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်က ဒါဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နှစ်စဉ် ကျင်းပနေကျ အစည်းအဝေးနဲ့ ဆက်စပ်ဆွေးနွေးပွဲမှာ ခုလို ပြောလိုက်တာပါ။ နေတိုးအဖွဲ့ကို တိုးချဲ့ဖို့နဲ့ ဂျော်ဂျီယာနိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ထပ်ပေါင်းထည့်ဖို့ကိုလည်း သူက ဆော်သြပါတယ်။ “အိမ်နီးချင်းအနေနဲ့ ရုရှားနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေး ရှိတဲ့အတွက် ကျနော်တို့ အဝေဖန် ခံနေရတယ်။ ဒါပေမဲ့ ရုရှားကို ရန်မစချင်တဲ့အတွက် အနောက်ဥရောပ မိတ်ဖက်နိုင်ငံတွေက ဂျော်ဂျီယာကို ဖိတ်ခေါ်ဖို့ သဘောမတူ ဖြစ်နေကြတယ်။ ဒါပေမဲ့ ဂျော်ဂျီယာဟာ ကျနော်တို့ကို လိုအပ်ပါတယ်။ ကျနော်တို့ကလည်း ဂျော်ဂျီယာနိုင်ငံလို မိတ်ဖက် လိုအပ်တယ်။ ဒါကြောင့် နေတိုးအဖွဲ့ကို တိုးချဲ့ဖို့လိုအပ်ပြီး ဂျော်ဂျီယာဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာသင့်တယ်” လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
1 year Ago
Up