တူရကီထိုးစစ်ကြောင့်

February 1, 2018

တူရကီထိုးစစ်ကြောင့် ဆီးရီးယား အရပ်သားများ ထိခိုက်ဒဏ်ရာရ

ဆီးရီးယားနိုင်ငံ အက်ဖရင်ဒေသမှာ တူရကီဦးဆောင်တဲ့ ထိုးစစ်ကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိနေပါတယ်။ ဆီးရီးယား၊ အက်ဖရင်ဒေသမှာ အရပ်သားတွေ ဒဏ်ရာရတဲ့ ဗွီဒီယိုကို ကာဒ့်ပြည်သူ့စစ်တပ်ဖွဲ့ YPG က လူမှုကွန်ရက်မှာ ဇန်န၀ါရီ ၃၁ ရက်က တင်ခဲ့ပါတယ်။ တူရကီဟာ အက်ဖရင်ဒေသက ကာ့ဒ်ပြည်သူ့စစ်တွေကို မြေပြင်နဲ့လေကြောင်း ထိုးစစ်ဆင်နေတာ သီတင်းနှစ်ပတ်နီးပါးအကြာမှာ အခု ဗွီဒီယိုထွက်လာတာပါ။ ကာ့ဒ်ပြည်သူ့စစ်ကနေ ဖွင့်ထားတဲ့ အရပ်သားအခြေချစခန်းတခု လက်နက်ကြီးနဲ့ အပစ်ခံရတယ်လို့  ဒဏ်ရာရသူတွေထဲက တဦးက ပြောပါတယ်။ အပစ်ခံရလို့ သူအပါအ၀င် လူတော်တော်များများ ဒဏ်ရာရခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ ဗုံးကွဲတာ အရပ်သားတွေ ကြားထဲမှာလားလို့ ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ “ကျနော်တို့ပုံစံက စစ်သား ရုပ်ပေါက်နေလို့လား။ အဲဒီနေရာဟာ စစ်ဘက်နေရာမဟုတ်ဘူး။ ကျနော်ဆို ကျနော့်ရွာ ဂျာလာမာကနေ မိသားစုနဲ့ အတူပြေးလာတာ” လို့ ဖြေကြားသွားပါတယ်။ ၂၀၁၁ ခုနှစ် ဆီးရီးယား ပဋိပက္ခစတင်ကတည်းက ကာ့ဒ်ပြည်သူ့စစ်အဖွဲ့ဟာ တူရကီနဲ့နယ်စပ် အက်ဖရင် အပါအ၀င် ဒေသ ၃ ခုကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ကြေညာထားပါတယ်။
3 years Ago
Up