တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ ပြုပြင်နေတဲ့ ၅ ထပ်တိုက်ဟာ ဧပြီ ၈ ရက်က ရုတ်တရက် ပြိုကျသွားပါတယ်။
အိမ်ရဲ့ မျက်နှာချင်းဆိုင်နဲ့ အနီးအနားက အဆောက်အဦတွေကတော့ ထိခိုက်ပျက်စီးသွားပေမယ့် လူတဦးတယောက်မှ ထိခိုက်ဒဏ်ရာရရတာ မရှိဘူးလို့ ဆိုပါတယ်။
မပြိုကျခင်မှာ အိမ်ဆီကနေ ထူးထူးဆန်းဆန်းအသံတွေ ကြားရတယ်လို့လည်း ဖြတ်သန်းသွားလာတဲ့ သူတွေက ပြောပါတယ်။ ပြိုကျတဲ့အချိန်မှာ ဖုန်တွေနဲ့ ကွန်ကရစ်အမှုန်တွေကတော့ အနီးက လမ်းမအထိ ရောက်လာတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေကတော့ ပြိုကျပျက်စီးတဲ့နေရာမှာ ရှာဖွေရေးတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
5 years Ago