တူရကီတွင် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁၃ ဦး သေဆုံး

December 18, 2016

တူရကီတွင် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁၃ ဦး သေဆုံး

တူရကီ နိုင်ငံ အလယ်ပိုင်းက ကေစာရီမြို့မှာ လိုင်းကားတစီး တိုက်ခိုက်ခံရပြီး စစ်သား ၁၃ ဦး သေဆုံးကာ လူ ၄၈ ဦး ဒဏ်ရာရသွားတယ်လို့ The Sun ရဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ ကားပေါ်မှာ ခွင့်ပြန်လာတဲ့ စစ်သားတွေနဲ့ အနီးနား တက္ကသိုလ်တခုက အရပ်သားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့ နေရာကို လူနာတင် ယာဉ်တွေ ပို့ထားတယ်လို့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ လိုင်းကားဟာ ဖောက်ခွဲရေး ပစ္စည်းတွေ တင်ထားပုံရတဲ့ ကားတစီးအနီးက ဖြတ်မောင်းစဉ်မှာ တိုက်ခိုက်ခံတာပါ။  ဒီတိုက်ခိုက်မှုကို ကာ့ဒ်စစ်သွေးကြွတွေက သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ နေရာဟာ မြို့ရဲ့ တက္ကသိုလ် နယ်မြေအနီးက ကားဂိတ်ရောက်ခါနီး ဖြစ်တယ်လို့ NTV သတင်းးမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်းကလည်း ကာ့ဒ်စစ်သွေးကြွတွေက အစ္စတန်ဘူးလ်မြို့က အားကစားကွင်းမှာ ဗုံး ၂ လုံး ဖောက်ခွဲခဲ့လို့ လူ ၄၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
5 years Ago
Up