တူရကီစစ်တပ် အာဏာသိမ်းရန်ကြိုးစားမှုတွင် တင့်ကား ၂ ကြိမ်တိုက်သော်လည်း မသေခဲ့သူ (ရုပ်သံ)

July 21, 2016

တူရကီစစ်တပ် အာဏာသိမ်းရန်ကြိုးစားမှုတွင် တင့်ကား ၂ ကြိမ်တိုက်သော်လည်း မသေခဲ့သူ (ရုပ်သံ)

ဇူလိုင် ၁၅ ရက် တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ စစ်တပ်အာဏာသိမ်းဖို့ ကြိုးစားမှုမှာ တင့်ကားကို ဟန့်တားဖို့ ကြိုးစားတဲ့ နိုင်ငံသားတဦးဟာ တင့်ကား ၂ စီးနဲ့ ၂ ကြိမ် ကြိတ်မိခဲ့ပေမယ့် တစုံတရာ ထိခိုက်မှု မရှိခဲ့ပါဘူး။ လမ်းပေါ်မှာ စစ်တပ်က တင့်ကားတွေ မောင်းနှင်နေတာကို တူရကီနိုင်ငံသားတဦးက လမ်းပေါ်တက်ပြီး ဟန့်တားခဲ့ပေမယ့် တင့်ကားက အရှိန်နဲ့ မောင်းနှင်နေတာဖြစ်လို့ မရပ်တန့်နိုင်ဘဲ သူ့အပေါ် တက်ကြိတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချိန်မီ ၀ပ်ချနိုင်ခဲ့တဲ့အတွက် လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်တင့်ကားတစီးက ထပ်ရောက်လာပြီး သူ့အပေါ်ကနေ ထပ်မံကြိတ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ တစုံတရာ ဒဏ်ရာရခြင်းမရှိဘဲ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။ တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းဖို့ ကြိုးစားတဲ့ဖြစ်ရပ်မှာ လူ ၁၆၀ ကျော် သေဆုံးခဲ့သလို လူ ၁၄၄၀ ကျော် ဒဏ်ရာရခဲ့ပြီး စစ်တပ်အရာရှိ ၂၈၀၀ ကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
5 years Ago
Up