တူရကီစစ်တပ်

February 17, 2018

တူရကီစစ်တပ် ထိုးစစ်ဆင်နေမှု ရပ်တံ့ပေးရန် ကာ့ဒ်လူမျိုးများ ဆန္ဒပြ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ရာနဲ့ချီတဲ့ ကာ့ဒ်လူမျိုးတွေနဲ့ ကာဒ်တွေကို လိုလားသူ ဆန္ဒပြသူတွေဟာ ဖေဖော်ဝါရီ ၁၆ ရက်က စုရုံးခဲ့ကြပါတယ်။ ဆီးရီးယားနိုင်ငံ အာဖှရင်ဒေသကို တူရကီစစ်တပ်က စစ်ရေးဆင်နွှဲ နေတာကို ရပ်တံ့ပေးဖို့ ကုလသမဂ္ဂကို ဆော်သြခဲ့ကြပါတယ်။ နေတိုးအဖွဲ့ဝင် တူရကီ အစိုးရဟာ ဆီးရီးယားနိုင်ငံ အာဖှရင်မြို့ထဲက ကာဒစ်ရှ်ဝိုင်ပီဂျီ ပြည်သူ့စစ်တွေကို ပစ်မှတ်ထားပြီး သီတင်းပတ် ငါးပတ်နီးပါးကြာအောင် ဝေဟင်ကရော မြေပြင်ကပါ ထိုးစစ်ဆင်ခဲ့တာပါ။ ကာဒစ်ရှ် YPG တွေဟာ တူရကီနိုင်ငံအတွင်း မတရားအသင်း ကြေညာခံရတဲ့ ကာဒစ်စတန် အလုပ်သမားပါတီ ပီကေကေရဲ့ လက်တံတခုလို့ တူရကီအစိုးရ က ရှုမြင်ပါတယ်။ ပီကေကေ သူပုန်တွေဟာ တူရကီရဲ့ ကာဒစ်ရှ် လူမျိုးတွေ အများစုနေထိုင်ရာ နိုင်ငံအရှေ့ တောင်ပိုင်းမှာ နှစ် ၃၀ ကြာ သူပုန်ထနေခဲ့တာပါ။ အကြမ်းဖက်ဝါဒကို တိုက်ဖျက်မှုဆိုတဲ့ စကားလုံးကို စစ်တပ်ရဲ့ စစ်ဆင်ရေးအတွက် အသုံးချနေတယ်၊ ဒါဟာ ကာ့ဒ်လူမျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ဖို့ မူမမှန်တဲ့ အကြောင်းပြချက်သာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ သံလွင်ခက် စစ်ဆင်ရေး စပြီးတည်းက ခုထိ အရပ်သား အယောက် ၁၀၀ ကျော် သေဆုံးပြီးပြီလို့ ဆန္ဒပြသူတွေက ပြောခဲ့ပါတယ်။
4 years Ago

February 14, 2018

ဆီးရီးယား-ကာ့ဒ် တိုက်ခိုက်ရေးသမားများ လူသားဒိုင်း အသုံးပြုဟု တူရကီစစ်တပ် ပြော

ဆီးရီးယား-ကာ့ဒ် တိုက်ခိုက်ရေးသမားတွေဖြစ်တဲ့ YPG တွေဟာ အရပ်ဝတ်တွေဝတ်ပြီး တူရကီစစ်တပ်ကို ခုခံနေတဲ့အပြင် အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ တူရကီစစ်တပ်က ပြောပါတယ်။ အရပ်ဝတ် ဝတ်ထားတဲ့ YPG တိုက်ခိုက်ရေးသမားတွေဟာ သူတို့ထိန်းချုပ်ထားတဲ့ အာဖရင်ဒေသ အနောက်တောင်ပိုင်းက ဂျင်းဒဲရက်စ်မြို့မှာ အမြောက်ကို ဂျစ်ကားပေါ်တင်ပြီး ပစ်ခတ်နေတဲ့ဗွီဒီယိုကို တူရကီစစ်တပ်ရဲ့ မောင်းသူမဲ့လေယာဉ်ကနေ ရိုက်ကူးခဲ့ပါတယ်။ တိုက်ခိုက်ရေးသမားတွေ ဂိုထောင်တလုံးထဲ ဝင်သွားချိန်မှာ လေကြောင်းတိုက်ခိုက်မှု တခုကြောင့် ပေါက်ကွဲမှုဖြစ်ပွားတာကိုလည်း တွေ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖြစ်ခဲ့တာလို့ တူရကီစစ်တပ်က ပြောပါတယ်။ တူရကီဟာ အာဖရင်ဒေသက YPG တိုက်ခိုက်ရေးသမားတွေကို နိုင်ငံတောင်ပိုင်း နယ်စပ်အတွက် ခြိမ်းခြောက်မှုလို့မြင်ပြီး ပြီးခဲ့တဲ့လကတည်းက ထိုးစစ်ဆင်နေပါတယ်။ YPG တွေကတော့ တူရကီရဲ့ စစ်ဆင်ရေးဟာ ထင်သလောက် မပေါက်ဘူးလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။
4 years Ago
Up