တူရကီကြား

October 17, 2019

ဆီးရီးယား-တူရကီ ပြဿနာ အမေရိကန်နှင့်မဆိုင်ဟု သမ္မတထရမ့်ပြော

ဆီးရီးယားမြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ ဆီးရီးယားနဲ့ တူရကီကြားက ပြဿနာဖြစ်ပြီး ဆီးရီးယားအစိုးရကို ရုရှား ကူညီပါက လက်ခံတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ သမ္မတ ထရမ့်က နယ်မြေကိစ္စနဲ့ ပတ်သက်လို့ "နှစ်နိုင်ငံ စစ်ဖြစ်ချိန်မှာ အမေရိကန်စစ်သားတွေ မရှိသင့်ဘူး၊ အဲဒီကိစ္စဟာ အမေရိကန် နဲ့ မဆိုင်ဘူး" လို့ ပြောပါတယ်။ နောက်ပြီး “ရုရှားက ဆီးရီးယားပြသနာမှာဝင်ပါချင်ရင် ဒါဟာ သူတို့ကိစ္စပဲ ဖြစ်တယ်။ ဆီးရီးယားနယ်စပ်က ပြဿနာတဲ့အတွက် အမေရိကန်စစ်သားတွေရဲ့ အသက်ကို အဆုံးရှုံး မခံသင့်ဘူး “လို့လည်း ထရမ့်က ပြောခဲ့ပါတယ်။ “ဆီးရီးယားဘက်မှာ မိတ်ဖက် ဘယ်နိုင်ငံပဲရှိပါစေ သူတို့အားလုံး ကံကောင်းပါစေ ဆုတောင်းပေးပါတယ်” ဆိုပြီး သမ္မတ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ “တူရကီအပေါ် အရေးယူဒဏ်ခတ်တာက အဲဒီဒေသမှာ စစ်တိုက်တာထက် ပိုပြီးကောင်းတယ်” လို့ သမ္မတ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
2 years Ago
Up