အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆီနီဂေါနဲ့ တူနီးရှားတို့ မနေ့ကယှဉ်ပြိုင်ရာ ဆီနီဂေါက တဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။
ဆီနီဂေါအသင်းအတွက်တော့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ဒုတိယအကြိမ်မြောက် တက်လှမ်းနိုင်တာ ဖြစ်ပါတယ်။
အဓိက တိုက်စစ်မှူး မာနေး၊ နီယန်၊ ဂူယီတို့နဲ့ ဦးဆောင် ပွဲထွက်လာတဲ့ ဆီနီဂေါအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာရပေမယ့် ထိုးဖောက်ကန်သွင်းရာမှာတော့ တူနီရှားက အသာရခဲ့ပါတယ်။
ပွဲကစားချိန် မိနစ် ၉၀ အတွင်းမှာ နှစ်သင်းစလုံး ပယ်နယ်တီ တကြိမ်စီ ကန်သွင်းခွင့်ရပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ဘဲ သရေကျနေလို့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရပါတယ်။
အချိန်ပို ၁၀၁ မိနစ်အရောက်မှာတော့ တူနီရှားနောက်ခံလူရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတာကြောင့် ဆီနီဂေါအသင်း တလုံးတည်းသော အနိုင်ဂိုးနဲ့ နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ပါတယ်။
နောက်ဆုံးဗိုလ်လုပွဲကိုတော့ လာမယ့် ဇူလိုင် ၁၉ ရက်နေ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ဆီနီဂေါနဲ့ အယ်လ်ဂျီးရီးယားတို့ ဗိုလ်လုရမှာ ဖြစ်ပါတယ်။
2 years Ago