တူချယ်

May 22, 2018

နာမည်ကြီးကစားသမားတွေကို ကိုင်တွယ်ရတာ ပိုပြီးလွယ်ကူဟု ပီအက်စ်ဂျီနည်းပြသစ် ပြော

နာမည်ကြီးကစားသမားတွေကို ကိုင်တွယ်ရတာ ပိုပြီးလွယ်ကူတယ်လို့ ပီအက်စ်ဂျီနည်းပြသစ် တူချယ်က ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒေါ့မွန်နည်းပြဟောင်း တူချယ်ကို ၂၀၂၀ ခုနှစ်ထိ စာချုပ် ချုပ်ဆို ခန့်အပ်လိုက်ပြီး သတင်းစာရှင်းလင်းပွဲပါ တပါတည်း ပြုလုပ်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းမှာ နာမည်ကြီးကစားသမားတွေရှိပြီး သူတို့ဟာ အမြင့်ဆုံးခြေစွမ်းနဲ့ ဆုဖလားတွေ ရယူဖူးတာကြောင့် အောင်မြင်မှုရဖို့ ပိုမိုလွယ်ကူတယ်လို့လည်း တူချယ်က ပြောပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးနေမာနဲ့ တွေ့ဆုံစကားပြောခဲ့ပြီး ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်ခဲ့တယ်လို့ တူချယ်က ပြောပါတယ်။ နေမာဟာ ဘောလုံးကို အနုပညာဆန်စွာ ကစားတတ်သူဖြစ်တဲ့အပြင် ထူးချွန်တဲ့ ကစားသမားလည်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦး ဖြစ်တယ်လို့လည်း တူချယ်က ပြောကြားခဲ့ပါတယ်။ ဂျာမန်နည်းပြ တူချယ်အနေနဲ့ အသင်းက ကစားသမားတွေရဲ့အကြောင်းကို သေချာလေ့လာသွားမှာဖြစ်ပြီး လိုအပ်မယ်ဆိုရင် ကစားသမားသစ်တွေ ထပ်ပြီးခေါ်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။
3 years Ago

May 15, 2018

ဒေါ့မွန်နည်းပြဟောင်း တူချယ်ကို ပီအက်စ်ဂျီနည်းပြအဖြစ် ခန့်အပ်

ပြင်သစ် နာမည်ကြီး ပီအက်စ်ဂျီအသင်းဟာ ဥရောပပြိုင်ပွဲမှာ အောင်မြင်မှုရအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြ အူနိုင်းအမ်မရီကို ထုတ်ပယ်ပြီးနောက် ဒေါ့မွန်နည်းပြဟောင်း တူချယ်ကို ၂ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့အတူ အမြင့်ဆုံး အောင်မြင်မှုတွေရအောင် ကြိုးပမ်းမယ်လို့ နည်းပြသစ် တူချယ်က ပြောဆိုလိုက်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ရည်မှန်းချက်ကြီးမားတဲ့ အသင်းဖြစ်ပြီး ကစားသမားကောင်းတွေလည်း ရှိတာကြောင့် အသင်းဝန်ထမ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ အောင်မြင်မှုရဖို့ လုပ်ဆောင်သွားမယ်လို့ တူချယ်က ဆိုပါတယ်။ အသက် ၄၄ နှစ်ရှိ ဂျာမန်နည်းပြ တူချယ်ဟာ နည်းပြဘဝကို အော့စ်ဘတ်၊ မိန့်ဇ်အသင်းတွေမှာ စတင်ခဲ့သူပါ။ သူဟာ ၂၀၁၅ ကနေ ၂၀၁၇ အထိ ဒေါ့မွန်အသင်းကို ကိုင်တွယ်ခဲ့ပြီး ဂျာမန်ပိုကယ်ဖလား တကြိမ် ရယူပေးခဲ့ပါတယ်။
3 years Ago
Up