အမျိုးသမီးထုကို သူတို့ရဲ့ရင်သားတွေပေါ် ပြိုးပြိုးပြက်ပြက်တွေ သုံးပြီး ဘယ်လိုအလှဆင်ရမယ်ဆိုတာ ဘီဘီစီရုပ်သံထဲကတဆင့် သင်ကြားပေးခဲ့တဲ့ အလှဖန်တီးရှင်ကို “အနုစား အပြာကား/အနုစား ကာမစိတ်ဖြစ်ရန် တင်ပြမှု” လို့ ဝေဖန်ပြစ်တင်မှုအပေါ် ပြန်လည်တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။
ချာလင်းအိုမယ်လ်လေးရဲ့ “ပြိုးပြိုးပြက်ပြက် ဖိတ်ဖိတ်တောက် ရင်သားတွေ” ဆိုတာကို သရုပ်ပြတဲ့ ရုပ်သံထဲမှာ မိတ်ကပ်အလှဖန်တီးရှင်က သူမရဲ့ရင်ဘက်တွေနဲ့ ရင်သားတွေကို ခရမ်းရောင် ဆေးမှုတ်ပြီး နို့သီးတွေကိုတော့ ကျောက်မျက်စတစ်ကာတွေနဲ့ ကပ်ခဲ့တာပါ။
မိနစ်ပိုင်းကြာတဲ့ ဒီရင်သားအလှဆင် သရုပ်ပြ ရုပ်သံကို စကော့တလန် ဘီဘီစီသတင်းဌာနက ရိုက်ကူးခဲ့တာဖြစ်ပြီး သူတို့ရဲ့ ယူကျု့ပေါ် တင်ခဲ့တာပါ။
ရုပ်သံကို ကြည့်ရှုသူပေါင်း ၁ သိန်း ၆ သောင်း ၅ ထောင်ကျော်ရှိပေမယ့် ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။
အသက် ၃၀ အရွယ် ချာလင်းကတော့ ဝေဖန်မှုတွေကို အကြီးအကျယ် ဒေါသထွက်နေပြီး သူမရဲ့ခွဲစိတ်ထားတဲ့ ရင်သားတွေအပေါ် မနာလိုဖြစ်နေကြတာလို့ ထင်မြင်နေပါတယ်။
စကော့တလန်နိုင်ငံ အင်ဗာနက်စ်မြို့က ကလေးတယောက် မိခင် ချာလင်းက “ဝေဖန်သူအများစုက အမျိုးသမီးတွေပါ သူတို့ဝေဖန်တာတွေအားလုံးက ကျမ ရင်သားအကြောင်းပဲ၊ ကျမက ရင်သားအတု ခွဲစိတ်ထားတာကြောင့် လူတွေ ဒီလို တော်တော်ပြောတာလို့ ကျမထင်တယ်။ ကျမကို နနည်းနည်း မနာလို အားကျနေတဲ့ သူတွေလို့ပဲ ကျမတွေးတယ်။ ဟုတ်ပါတယ် ကျမမှာ ရင်သား အတုတွေ ရှိတယ်။ ဒါပေမယ့် ဒါက ဘာမှ ဖြစ်မနေသင့်ဘူး။ ကျမက ဒီလိုလုပ်ပြီး လမ်းမပေါ် သွားနေတာမှ မဟုတ်တာ” လို့ သူမက ဝေဖန်မှုတွေအပေါ် ပြန်လည် တုန့်ပြန်ပြောဆိုခဲ့တာပါ။
ဘီဘီစီရဲ့ ယူကျု့ချန်နယ်ပေါ်မှာ အလှအပအကြံပေးအဖြစ် သူမလုပ်ဆောင်ခဲ့တာ ၁ နှစ်ကျော်ရှိနေပြီဖြစ်ပြီး ငယ်ရွယ်သူ ပရိသတ်တွေအတွက် ဒီချန်နယ်က ရည်စူးလုပ်ဆောင်တာလို့ ဆိုပါတယ်။
“ကျမကတော့ မတူတဲ့မျိုးဆက်တွေအတွက် အလှအပဆိုင်ရာ ကူညီဖြည့်ဆည်းပေးရလို့ ဂုဏ်ယူပါတယ်။ ကျမက မိတ်ကပ် အလှဖန်တီးရှင်ဖြစ်လို့ ဒါက အနုပညာဖန်တီးတာပဲ။ ဘယ်လို လိင်ဆွဲဆောင်မှု ကိစ္စမှ လုံးဝမပါဘူး” လို့လည်း သူမက ပြောခဲ့ပါတယ်။
ဘီဘီစီရဲ့ ပြောရေးဆိုခွင့်ရှိသူက “ဒီချန်နယ်မှာ ဖန်တီးတင်ပြချက်တွေက အသက် ၁၈ နဲ့ ၃၄ နှစ်ကြားအရွယ်တွေအတွက် ဖန်တီးထားချက်ဖြစ်တယ်” လို့ ပြောကြောင်း မေရာသတင်းမှာ ဇူလိုင်လ ၁ ရက်နေ့က ရေးထားပါတယ်။
6 years Ago