တုံ့ပြန်ပုံ

March 26, 2017

ကစားစရာလှုပ်မြင်းရုပ်လေး ယူသွားလို့ စိတ်ဆိုးနေတဲ့ ချစ်စဖွယ် ပန်ဒါလေးရဲ့ တုံ့ပြန်ပုံ (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ဘက် စီချွမ်ခရိုင်ရှိ ချန်ဒူပန်ဒါမွေးမြူရေးနဲ့ သုတေသနစခန်းက ဖူရှန်လို့ခေါ်တဲ့ ပန်ဒါလေးက သူ့ကို ထိန်းတဲ့ဝန်ထမ်းက သူ့ကစားစရာ လှုပ်မြင်းရုပ်လေး ၂ ခုကို ယူသွားလို့ စိတ်ဆိုးဒေါသထွက်ပြီး တုံ့ပြန်နေပုံကို ရုပ်သံထဲမှာ ချစ်စဖွယ် တွေ့မြင်ရပါတယ်။ ပန်ဒါလေးက သူ့ကစားစရာ လှုပ်မြင်းတွေယူသွားတဲ့ ပန်ဒါထိန်းဝန်ထမ်းရဲ့နောက်ကို ပြေးလိုက်ပါတယ်၊ နောက်ဆုံး လိုက်လို့မရတဲ့အခါ သူက စိတ်တိုပြီး မြေပြင်ပေါ်ကို ဆန္ဒပြတဲ့အနေနဲ့ အကြိမ်ပေါင်းများစွာ လှိမ့်လှိမ့်နေတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ဒါပေမယ့် မှတ်ချက်ပေးသူ တစ်ဦးဖြစ်တဲ့ ဝမ်လျူက ဒါက ပန်ဒါတွေရဲ့ အပြုအမူကို မှားယွင်းသုံးသပ်တာလို့ ဆိုပါတယ်။ သူပြောတာက ပထမဦးဆုံး ပန်ဒါကလေး သူ့ရဲ့ အထိန်းနောက်ကို လိုက်တာက ကစားစရာတွေကြောင့် မဟုတ်ပါဘူး၊ အမှန်က ပန်ဒါလေးက သူ့ရဲ့ အစားအသောက်တွေ ရရှိရာ ကာကွယ်မှုပေးရာဖြစ်တဲ့ ပန်ဒါထိန်းသူနဲ့ အတူနေချင်တာပါလို့ ဆိုပါတယ်။ ဒုတိယအချက်အနေနဲ့ ပန်ဒါထိန်း ထွက်သွားတဲ့အခါ ပန်ဒါလေး မြေပေါ်မှာ အကြိမ်ပေါင်းများစွာ လှိမ့်လှိမ့်နေတာက စိတ်ဆိုးတာ မချင့်မရဲဖြစ်နေတာ မဟုတ်ပါဘူး ဒါက သူကျန်းမာနေကြောင်း ပြတာ၊ နောက် ပန်ဒါထိန်းက သူ့ကို အာရုံထားပြီး ပိုဂရုစိုက်စေချင်လို့ လုပ်ဆောင်တာလို့ မှတ်ချက်ပေးသူက ပြောပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပန်ဒါလေး မြေပြင်ပေါ်မှာ လှိမ့်နေတာက တကယ်ကို ချစ်စရာကောင်းနေတာ ရုပ်သံထဲမှာ ရှုမြင်ရမှာပါ။
5 years Ago
Up